Extra (3) - အမွှေးလုံး(1)

2.8K 466 9
                                    

Unicode

Extra (3) - အမွှေးလုံး(1)

ရှန်ကျစ်ရှန်း အိမ်မက် မမက်တာ အတော်လေး ကြာခဲ့လေပြီ။ ညက သောက်ခဲ့လို့လားတော့ မသိပေမယ့် ရီဝေဝေနဲ့ အိပ်ပျော်နေတုန်း အိမ်မက်တစ်ခု မြင်မက်မိ၏။

အိမ်မက်ထဲမှာ သူက ကြောင်တစ်ကောင် ဖြစ်နေသည်။

နှင်းလိုဖြူဖွေးတဲ့ လှပတဲ့ မင်းသားလေး ရှန်မောက်မောက်{T/N: မောက် = ကြောင်)

ရှန်မောက်မောက်က အိမ်မက်ထဲမှာ မျက်လုံးများ ဖွင့်လိုက်သည်။ သူ့ရှေ့က အိမ်စားပွဲက အရမ်းကို မြင့်မားလှ၏။ သူမော့ကြည့်လိုက်သောအခါ သူက သာမာန် သစ်သား ခုံတန်းလျားဘေးမှာ လှဲနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ကောင်းကင်က မှောင်မဲနေသေးသော်လည်း တစ်ဖြည်းဖြည်းနဲ့ လင်းလာနေလေပြီ။ ၎င်းက ကောင်းကင်တစ်ခုလုံး မလွှမ်းခြုံသွားသေးပေမယ့် လူတစ်ချို့က အလုပ်ရှုပ်နေပြီဖြစ်၏။ ရေများ ပွက်ပွက်ဆူနေသည့် အသံများ၊ တစ်ချွတ်ချွတ် အသံများနဲ့အတူ အိုးထဲကို ဆီထည့်ပြီး ကြော်နေသည့် အသံများအပြင် ပေါင်းအိုးမှ အသံများကိုပါ ကြားနေရသည်။

ရှန်မောက်မောက်က ရွှေ့လျားလိုက်ပြီး သူဘယ်ရောက်နေလဲ ကြည့်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူလှုပ်လိုက်တဲ့အချိန်မှာပင် သူ့ရဲ့ ဘယ်ဘက်ခြေသည်းမှာ နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရလေသည်။

ရှန်မောက်မောက်က ခေါင်းလေး စောင်း ကြည့်လိုက်သောအခါ သူ့ဘေးမှာ သစ်သား ခုံတန်းလျား ပြုတ်ကျနေသည်ကို မြင်လိုက်ရသည်။ သူ့ဘယ်ဘက် ခြေသည်းက သစ်သား ခုံတန်းလျားကြောင့် ဒဏ်ရာရသွားခြင်း ဖြစ်နိုင်ပြီး ယင်းကြောင့် အလွန်နာကျင်နေခြင်းသာ

ဘာတွေဖြစ်နေလဲ စဉ်းစားချိန် မရတော့။ ကြမ်းတမ်းပြီး ငယ်ရွယ်သည့် အသံလေးတစ်ခုက သူ့ခေါင်းအထက်မှ လွင့်ပျံလာသည်။

"အမေ! ဒီမှာ လာရှုပ်နေတဲ့ ကြောင်တစ်ကောင် ရှိတယ်! သူက ခွေးခြေကို တွန်းချပစ်လိုက်တာ!"

"ဒါဆို ရိုက်ထုတ်လိုက်လေ ဆူညံအောင် မလုပ်နဲ့...."

တစ်ဖက်လူရဲ့ အန္တာရယ် အငွေ့အသက်ကို အာရုံရလိုက်တဲ့အချိန်မှာ ရှန်မောက်မောက်ရဲ့ ခန္တာကိုယ်က သူ့အတွေးထက် မြန်ဆန်စွာပင် အလိုလို ရွှေ့လျားသွားတော့လေသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now