Chapter(36-2) - မျှခြေ

5.1K 1.1K 22
                                    

Unicode

အခန်း(၃၆-၂) - မျှခြေ

ဒီနေရာကအတော်လေး ထူးဆန်းသည်။

တောင်တွေ၊ မြစ်တွေ၊ရေတွေ၊ သစ်ပင်တွေနဲ့ ပန်းတွေအားလုံးက ပုံမှန်ပဲ, ဒါပေမဲ့ ဘေးနားမှာ ထူးဆန်းတဲ့ အနက်ရောင်ချီတွေနဲ့ အမြဲတမ်း ဝန်းရံနေသည်လေ။

သူတို့တွေ ရက်အတော်လေး ကြာတဲ့အထိ လျှောက်နေကြတာတောင် ထွက်ဖို့လမ်းလည်း မတွေ့ရသလို ဘယ်သူ့ကိုမှလည်း မတွေ့ရပေ။

ရှန်ကျစ်ရှန်းမှာတော့ အချိန်တွေပဲ ကုန်သွားလို့လား ဒါမှမဟုတ် တစ်ခြားအကြောင်းပြချက်ကြောင့်လား မသိပေမယ့် ပိုပိုပြီး ပင်ပန်းနွမ်းနယ်လာသည်။ ငိုက်မြည်းမှုကလည်း ဆက်တိုက်တက်လာပြီး တစ်ခါတစ်လေမှာ လမ်းလျှောက်နေရင်းနဲ့ မတ်တပ်ရပ် အိပ်ပျော်သွားတာတောင်ရှိလာ၏။

တစ်ညလောက် အနားယူလိုက်ရင် နေ့ဘက်မှာပိုပြီး သတိရှိနေသင့်သည်။ သို့ပေမယ့် သူ့ရဲ့ပင်ပန်းနွမ်းနယ်မှုကို မဖယ်ရှားနိုင်ပေ။ ညဘက်ရောက်လာရင်လည်း အချိန်အကြာကြီး အလွယ်တကူ အိပ်ပျော်သွားတတ်သေးသည်။

မနက်တိုင်းမှာ ရန်ကျင်းက သူ့ကိုအချိန် အတော်လေးကြာအောင် ခေါ်မှ နိုးသည်။ နိုးလာရင်လည်း သဲနုန်းထဲဖြတ်ကျော်နေရသလိုမျိုး ဖြစ်နေသည်။ သူကပင်ပန်းပြီး အားနည်းသလို ခံစားနေရတာကြောင့် ရန်ကျင်းရဲ့လက်မောင်းပေါ် မှီတွယ်နေရပြီး အပြည့်အဝနိုးလာဖို့ အချိန်အတော်လေး ယူနေရသည်။

ဒီလိုအဆက်မပြတ် ပင်ပန်းနွမ်းနယ်နေတာက နှလုံးရောဂါကြောင့်လို့ ထင်ခဲ့သည်လေ။ ထို့ကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ စတုတ္တအကြီးအကဲရဲ့ဆေးကို တစ်နေ့လေးကြိမ်စားဖို့ ရန်ကျင်းက တိုက်တွန်းစရာပင် မလိုတော့ပေ။ နှလုံးရောဂါကို မခံစားရတော့ပေမယ့်လည်း ငိုက်မြည်းခြင်းကတော့ ပိုပိုပြီး ပြင်းထန်လာတာကြောင့် ခံနိုင်ရည် မရှိလုနီးပါးပင် ဖြစ်လာသည်။

သူတို့တွေ ဘယ်နှစ်ရက်တောင် ခရီးထွက်လာမှန်း မသိရပဲ နောက်ဆုံးတော့ တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံတော့သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now