Chapter(68-2) - ရှာဖွေခြင်း

3.2K 607 11
                                    

Unicode

အခန်း(၆၈-) - ရှာဖွေခြင်း

ကျင့်ကြံရေး နယ်ပယ်မှ လူတိုင်း ကြောက်မက်ဖွယ် နတ်ဆိုးကြီး ရုတ်တရက် ပျောက်ကွယ်သွားသည်အား တွေ့လိုက်ကြရလေသည်။

သူဘယ်သွားလဲ ဘယ်သူမှ မသိသလို အသက်ရှင်နေလား သေသွားပြီလား ဆိုတာလည်း ဘယ်သူမှ မသိကြ။ သူတိ့သည် ဘိုးဘေးဆောင်ဂိတ်တံခါးများအား တည်ဆောက်နေရင်းဖြင့် အချင်းချင်း ကြည့်မိကြသည်—အဲ့ဒီ နတ်ဆိုးကြီးက သေသွားပြီလား?

မဟုတ်တာ, မသေပါဘူး

ဒီအတိုင်း နတ်ဆိုးကြီးကို ဖိနှိပ်နိုင်တဲ့လူက 'အသက်ရှင်' သွားရုံပါ

လက်ရှိ ဆွေ့ရှန်းသည် ရှင်ပြန်ထမြောက်ပြီဟု မယူဆနိုင်ပေ။ ဝိညာဉ်ရှာဖွေခြင်းမြက် ၏အကျိုးသက်ရောက်မှုအောက်တွင်၊ သူသည် ပြန့်ကျဲနေသောဝိညာဉ်အချို့ကို စုစည်းနိုင်ရုံမျှသာဖြစ်သည်။

သူ့အရိုးတွေကို အချိန်အတော် ကြာတဲ့အထိ ရှာမတွေ့ခဲ့ဘူးလေ။ ရှန်ကျစ်ရှန်းကို ရန်ကျင်း သတ်ပြီးလို့ ခဏ ထွက်သွားတဲ့ အချိန်မှာ စုန့်မင်းကတိတ်တဆိတ်ပြန်လာပြီး တစ်ခန်းလုံးကို မီးလောင်စေခဲ့သည်။

ရန်ကျင်းသည် ချင်းယွင်ဂိုဏ်း၏ အပျက်အစီးများထဲမှာ နာရီပေါင်းများစွာကြာအောင် လှည့်ကြည့်ကာ ရှာမှသာ လက်တစ်ချောင်းစာမျှရှိသည့် အရိုးအပိုင်းအစလေးကို တွေ့ရှိခဲ့သည်။

သူသည် အရိုးအကျိုးလေးအား တုန်ယင်စွာ ကောက်ယူပြီးနောက်မှာ ရတနာ တစ်ပါးလိုမျိုး သူ့နှလုံးသားနေရာဆီတွင်ထားမိရင်း အရမ်းကို ဖျော့တော့လွန်းတာကြောင့် ခွဲခြားသိမြင်ဖို့ပင် အနိုင်နိုင် ဖြစ်နေသည့် ရင်းနှီးနေသော အသက်ငွေ့လေးအား ခံစားမိသည်။ သူ့နှလုံးသားကတော့ ဝေဒနာများဖြင့် ပြည့်နှက်နေလေ၏။

နောက်ပိုင်းမှာ ရန်ကျင်းက မရေမတွက်နိုင်သည့် တွေးခေါ်မှုများ ကြိုးစားအားထုတ်မှုများနှင့် တိုင်းတာ၍ပင် မရနိုင်သော နာရီပေါင်းများစွာ အသုံးပြုပြီးနောက်မှာ သူ့ဝိညာဉ်စွမ်းအားများစွာကို ကုန်ဆုံးစေပြီး ဆွေ့ရှန်း၏ ခန္တာကိုယ်ကို ပုံဖော်ခဲ့သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now