Chapter(55-2) - ကန့်သတ်ချက်များ

3.4K 728 7
                                    

Unicode

အခန်း(၅၅-၂) -ကန့်သတ်ချက်များ

ရန်ကျင်းက သူ့မျက်နှာကို သေချာလိုက်ကြည့်နေသည်။ ရှန်ကျစ်ရှန်းရဲ့ လက်ကောက်ဝတ်ပေါ်က သူ့လက်က တင်းကြပ်သွားရင်း ခပ်ဖျော့ဖျော့ ပြောလာ၏။

"ကျွန်တော်......"

ရန့်ရှန်ပြောလာမယ့် စကားကို တွေးမိတော့ သူ့ပါးစပ်ကို ဖျတ်ဆီးပစ်ရန်သာ အလိုလို ရွေးချယ်မိသွားခြင်းပင်။ အခုသူသေသွားပြီဆိုတော့ ရှန်ကျစ်ရှန်းကို ဘယ်လိုရင်ဆိုင်ရမလဲ ရန်ကျင်းမသိတော့။ ရှန်ကျစ်ရှန်းက သူ့အတိတ် မှတ်ဉာဏ်တွေကို ဆုံးရှုံးထားတာ ဖြစ်လိမ့်မည်။ ရန်ကျင်းက အတိတ်တုန်းက နွေးထွေးမှုတွေကို လွမ်းဆွတ်နေပေမယ့်လည်း ရှန်ကျစ်ရှန်းက အမှန်တရားကို ရှာတွေ့သွားမည်အား ပိုမိုကြောက်ရွံ့မိ၏။

သူက ရန်ကျင်းရဲ့ မူလကိုသိတယ်၊ သူအတိတ်တုန်းက လုပ်ခဲ့တဲ့ မှောက်မိုက်ပြီးညစ်ပတ်တဲ့ အရာတွေအားလုံးကို သိနေလိမ့်မယ်

ရှန်ကျစ်ရှန်းက သက်ပြင်းချလိုက်ကာ သူ့လက်ကို ဖွဖွပုတ်ပေးရင်း ပြောလာသည်။

"သူ့ကိုသတ်လိုက်တာက......မင်းရဲ့လက်ကိုပဲ ညစ်ပတ်စေလိမ့်မယ်လေ"

သူက ထိုစကားသာ ပြောသည်။ ရန်ကျင်းရဲ့ မပြီးဆုံးသေးသည့် စကားများအား သိပ်ဂရုမစိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး ခေါင်းစဉ်အား ချုန်းယွီဂိုဏ်းနဲ့ ပတ်သတ်တဲ့ကိစ္စကို ပြောင်းရွှေ့လိုက်၏။

"ရန့်ရှန်က ချုန်းယွီဂိုဏ်းဘက်ကနေ လာတာဆိုတော့ သူသေချာပေါက် မင်းအတွက် ပြဿနာတွေ ရှာထားမှာပဲ, ငါပထမတော့ သူ့ကိုသုံးပြီး မင်းနာမည်ကိုရှင်းပေးချင်တာ, အခုတော့ တစ်ခြားနည်းလမ်း စဉ်းစားရတော့မယ်, အဲ့ဒီလိုပြောမှ ရန့်ရှန်ရဲ့ ဝိညာဉ်မြစ်က ပျက်စီးသွားပြီ မဟုတ်ဘူးလား ပြီးတော့ သူ့ကို စုန့်မင်းက ဖမ်းထားတာလေ, ငါက သူသေသွားပြီ ထင်နေတာ, ဒါပေမဲ့ သူက မိစ္ဆာအတတ် ကျင့်ကြံသူ ဖြစ်လာပြီး ရာဇဝတ်မှုကျူးလွန်ဖို့ ထွက်လာမယ်မှန်း ဘယ်သူက ထင်မိမှာလဲ"

ရှန်ကျစ်ရှန်းက အစက်အပြောက် များကို ချိတ်ဆက်နိုင်ရန် မျက်လုံးကို အနည်းငယ် မှိတ်ထားလိုက်သည်။ ချင်းယွင်ဂိုဏ်းကနေ လွတ်မြောက်လာပြီး မိစ္ဆာဖြစ်သွားတဲ့ ရန့်ရှန်က ရန်ကျင်းအတုအများကြီးကို ဖန်တီးဖို့ ရုပ်သေးသစ်သားတွေ အသုံးပြုခဲ့တာပဲ ဖြစ်ရမယ်။ ပြီးတော့သူက ရန်ကျင်းရုပ်သေးတွေ ဖန်တီးပြီး ရန်ကျင်းကို အပြစ်လွှဲချချင်တဲ့ ရည်ရွယ်ချက်နဲ့ လူတွေကို ဒုက္ခပေးခဲ့တယ်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now