Chapter(77) - အမြွှာ

3K 475 14
                                    

Unicode

အခန်း(၇၇) - အမြွှာ

သွမ့်ယွမ်သည် တစ်ပိုင်းသေလောက်အောင် ကြောက်လန့်နေမိသည်။ သူက လူအား ဖက်ပွေ့ထားရင်းဖြင့် ဘာဆက်လုပ်၇မှန်း မသိတော့။

သူ့ရဲ့ တုန်ယင်နေသည့် လက်များအား လျှန်ချင်းရဲ့ သွေးလွှမ်းနေသော ရင်ဘက်ပေါ်မှ အပေါက်ကြီးရှိရာသို့ အုပ်ထားမိသည်။ သူက အရမ်းကို ထိတ်လန့်ပြီး ပူပန်နေတာကြောင့် သူ့လက်ကို ဘယ်ထားရမှန်းပင် မသိပေ။ ထို့ကြောင့် လျှန်ချင်း၏ ရင်ဘတ်ပေါ်မှ သူ့လက်ကို ညင်သာစွာ ဖိလိုက်သောအခါ လျှန်ချင်း၏ မျက်ခုံးများက နာကျင်မှုကြောင့် တွန့်ချိုးသွားခဲ့ပြီး သွေးများ ပိုထွက်လာသည်ကိုသာသိလိုက်သည်။

"စီနီယာအစ်ကိုကြီး!စီနီယာအစ်ကိုကြီး!"

သွမ့်ယွမ်သည် အလွန်ကြောက်လန့်ပြီး မလှုပ်ရှားဝံ့တော့ပေ။ သူက လျှန်ချင်း၏ ရင်ဘက်အား လက်ဖြင့် အုပ်ရုံလေးသာ အုပ်ထားပြီး ခပ်ဖျော့ဖျော့ နှလုံးခုန်သံကို ခံစားနေမိသည်။ သူ့မျက်နှာက ထိတ်လန့်မှုဖြင့် ဖြူဆုတ်နေကာ အပြင်းအထန် ဒဏ်ရာရထားသူက တစ်ခြားသူမဟုတ်ပဲသူကိုယ်တိုင် ဖြစ်နေသလိုပင်။ လျှန်ချင်း သေတော့မယ်လို့ ခံစားရတာကြောင့် သွမ့်ယွမ်မှာ သူ့နှလုံးသားအား ကာကွယ်ပေးနိုင်ရန် မျှော်လင့်ချက်ဖြင့် ဝိညာဉ်ချီများအား လျှန်ချင်းဆီ လွှဲပြောင်းပေးဖို့ အရူးအမူး ကြိုးစားနေမိသည်။

လျှန်ချင်းသည် ဆရာ၏ကိုယ်ပိုင်အမွေဆက်ခံတပည့်ဖြစ်ပြီး ငယ်စဉ်ကတည်းက ကျင့်ကြံအားထုတ်ခဲ့သည်။

သွမ့်ယွမ် ငယ်ငယ်တုန်းက အရမ်းဆိုးခဲ့ကာ အရှက်မရှိစွာပင် လုံ့လစိုက်ထုတ်ဖို့ ငြင်းဆန်ခဲ့သည်။ ဆရာက သူ့အား သံကို သံမဏီ ဖြစ်အောင် မလုပ်နိုင်ခြင်းကို မုန်းတီးပြီး ခေါင်းကို အမြဲ ထိုးလေး ရှိ၏။

"မင်းဘာလို့ မင်းရဲ့စီနီယာအစ်ကိုကြီးကို မကြည့်တာလဲ၊ သူက အရမ်းထက်မြက်ပြီး နေ့တိုင်း စောစောထတယ် နည်းနည်းလေးမှ မလျှော့ဘဲ ပြင်းပြင်းထန်ထန် လေ့ကျင့်တယ်။ မင်းနဲ့မတူဘူး။"

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now