Chapter(53-2) - မျက်နှာမရှိ

3.5K 726 18
                                    

Unicode

အခန်း(၅၃-၂) - မျက်နှာမရှိ

ရန်ကျင်းက 'တာအိုအဖော်' ဆိုတဲ့စကားနှစ်ခွန်းအား ခပ်တိုးတိုးဖြင့် ဖြည်းညှင်းစွာ ပြောလိုက်ခြင်းပင်။ သူ့ကိုကြည့်ရတာ ဟုတ်မှန်ကြောင်း အဖြေကို စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်နေတဲ့အချိန်မှာ အနည်းငယ် မသေချာမှုလည်း ရှိနေသလိုမျိုး။ အမှောင်ထုထဲမှာ သူက ရှန်ကျစ်ရှန်းအား မျက်တောင်မခတ်ပဲ စိုက်ကြည့်နေသည်။

ရုတ်တရက် ရှန်ကျစ်ရှန်းမှာ အာခေါင်များခြောက်လာပြီး စကားပြောနိုင်သည့် စွမ်းရည်ကို ဆုံးရှုံးသွားသလိုပင်။ သူငြင်းဆန်ချင်ပေမယ့်လည်း အဲဒါက ရန်ကျင်းကို နာကျင်စေလိမ့်မယ်လို့ ခံစားနေရသည်။ သူလက်ခံချင်ပြန်တော့လည်း သူ့မျက်နှာက ရုတ်တရက် ပူလောင်လာပြီး ရှက်ရွံ့မှုက သူ့လျှာဖျားအား ချုပ်နှောင်ထားသည်သာ။

ရှည်လျားစွာ နှုတ်ဆိတ်ခြင်း ပြီးသွားမှသာ သူက ဟိုလိုလို ဒီလိုလိုနဲ့ ပြောလာသည်။

"အားကျင်း......မင်းတကယ်ပဲ ဆုံးဖြတ်ပြီးသွားပြီလား?"

ရန်ကျင်းက တုံ့ဆိုင်ခြင်းမရှိ ခေါင်းညိတ်၏။

ရှန်ကျစ်ရှန်းက သူ့ကိုကြည့်လိုက်သောအခါ သူ့အမူအယာက အလွန်လေးနက်တည်ကြည်နေသည်။ ထို့နောက်သတိလက်လွတ်ဖြင့် နှုတ်ခမ်းကို သပ်လိုက်မိပြီး သူ့ကိုယ်သူတည်ငြိမ်စေရန် ဖိအားပေးလိုက်ရသည်။

"ဒါဆိုလည်း......အဲ့ဒါပေါ့"

သူလည်းဆုံးဖြတ်လိုက်ပြီ, ချစ်မိသွားတယ်ဆိုတော့လည်း ချစ်မိသွားတယ်ပေါ့။ သူက အဖြောင့်တစ်ယောက် ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့သူမှ မဟုတ်တာကြီး။ ချစ်ခြင်းတရားအကြောင်း ပြောရမယ်ဆိုရင် သူ့အနေနဲ့ စာအုပ်ထဲကို ကူးပြောင်းလာတာကတင် သူ့အတွက် ရှားပါးနေပြီကို ဇာတ်လိုက်ကို ဖက်ထားနိုင်တယ်ဆိုတာ ပိုတောင် ရှားပါးနိုင်သေး။ ဒါက ဘယ်လောက်တောင် ရှားပါးပြီး အဖိုးတန်လိုက်လဲ!

ဒီအချိန်အတောအတွင်း ဆက်နွယ်ပြောဆိုနေစဉ်တစ်လျှောက်လုံး ရှန်ကျစ်ရှန်းက ထိုကိစ္စအား လေးလေးနက်နက် တွေးတောနေခြင်းသာ။ ရန်ကျင်းက ခေါင်းမာတဲ့ စိတ်ထားရှိကြောင်း ထင်ရှားတယ်။ တစ်ခုခုကို စိတ်ထဲ ထည့်လိုက်ပြီဆိုရင် လုံးဝကို လက်မလျှော့တတ်ဘူး။ ပြီးတော့ ရှန်ကျစ်ရှန်း ကိုယ်တိုင်ကလည်း......

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now