Chapter(43) - ခေါင်းစဉ်မရှိ

5.9K 1K 86
                                    

Unicode

အခန်း(၄၃) - ခေါင်းစဉ်မရှိ

ရန်ကျင်းရဲ့ ပုံမှန်သည်းခံတရားများက ပျောက်ကွယ်သွားခဲ့ပြီး မွမ်းကျပ်မှုဖြင့် အသက်ရှုထုတ်မိလေသည်။

ရှန်ကျစ်ရှန်းကတော့ လွှမ်းမိုးခံရမှုကြောင့် စိတ်များ ရှုပ်ထွေးသွားရကာ ရုတ်တရက် ထမေးသည်။

"ဘာကိုမထိန်းနိုင်တာလဲ?"

သူ့ပါးစပ်က ထိုစကားထွက်သွားတာနဲ့ ရှန်ကျစ်ရှန်းသည် ချက်ချင်းလိုလိုပင် ေ
နာင်တရသွားမိ၏။ သို့သော်လည်း စကားလုံးတွေက ပြန်ရုတ်သိမ်းလို့ မရတော့တာကြောင့် သူ့အနေနဲ့ ရန်ကျင်းပြန်ဖြေလာသည်ကိုသာ နားထောင်ရတော့မည်။

"ကျွန်တော်မထိန်းနိုင်ဘူး......ဆွေ့ရှန်းကို မကောင်းတာတွေ လုပ်ချင်နေတဲ့စိတ်ကို"

'မကောင်းတဲ့အရာ'တွေကို ကြုံတွေ့လိုက်ရတဲ့ ရှန်ကျစ်ရှန်းဟာ ရန်ကျင်းရဲ့ အငွေ့အသက်များ ကျွင်းကျန်ရစ်နေသည့် သူ့နှုတ်ခမ်းကို မသပ်ပဲမနေနိုင်တော့ပေ။ သူ့လည်ချောင်းက ခြောက်ကပ်နေသလို ခံစားရပြီး စကားပြောရ ခက်ခဲနေစေသည်။

ရန်ကျင်းက သူ့ကိုသတ်မှာအားကာကွယ်နိုင်ဖို့ ၊ ရန်ကျင်းစိတ်ရိုင်းဝင်သွားမှာကို တားဆီးနိုင်ဖို့ ကာကွယ်နိုင်မယ့် နည်းလမ်းပေါင်းထောင်ချီပြီး စဉ်းစားခဲ့ဖူးတယ်။  ဒါပေမဲ့ ရန်ကျင်းက သူ့ကိုစဉ်းစားနေတာကို တားဆီးဖို့ လိုအပ်မယ်လို့တော့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။

ရန်ကျင်းရဲ့ မျက်လုံးထဲမှာ သူကအခု ဘယ်သူလဲ? ဆွေ့ရှန်းလား ဒါမှမဟုတ် ဆရာလား?

အကယ်၍ ဆရာဆိုရင်..... ရှန်ကျစ်ရှန်းသည် သူ့အတိတ်ဘဝတုန်းက ဖိုရမ်တစ်ခုပေါ်မှာ မြင်ဖူးခဲ့သည့် ခေတ်စားခဲ့သော post တစ်ခုကို တစ်နည်းနည်းနဲ့ အမှတ်ရသွားမိသည်။

— ရှေးခတ် စစ်မှန်သော အချစ်စိတ်ကူးယဉ်ဝတ္ထုများမှ အန္တရာယ်များသော အလုပ်အကိုင်များ အဆင့်သတ်မှတ်ခြင်း

အုပ်စုတစ်ခုက ကောမန့်ပေးသည်

"ဆရာတွေက ထိပ်ဆုံးတန်းကို ဝင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်"

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now