Extra (4) - ချင်း ယွမ်

4.1K 494 21
                                    

Unicode

Extra (4) - ချင်း ယွမ်

သွမ့်ယွမ်ရဲ့ အသွင်ပြောင်းထားမှုအကြောင်း

ဒါက ဝေးကွာလွန်းတဲ့ မှတ်ဉာဏ်တစ်ခုပင်။

ထိုအချိန်တုန်းက သွမ့်ယွမ်တစ်ယောက် ချန်ယင်စံအိမ်သို့ ရောက်ခါစသာ ရှိသေးသည်။ သူ့ရဲ့ သေခြင်းကံကြမ္မာဆိုးကို ရှောင်ရှားဖို့အတွက် မိန်းကလေးလို ဝတ်ဆင်ခဲ့ရပြီး တတိယခန်းမဆောင်သခင်ရဲ့ ကိုယ်ပိုင် တပည့်တစ်ယောက် ဖြစ်လာတာကြောင့် ချန်ယင်စံအိမ်၏ တပည့်တစ်ယောက်ပါ ဖြစ်လာခဲ့၏။

သူ့ရဲ့ အထူးအခြေအနေကြောင့် တတိယခန်းမဆောင်သခင်သည် သူ့အား ပျော့ညံ့သည့်ဟု ယူဆလို့ ရနိုင်သည့် ကျန်းမာရေး မကောင်းဘူးဆိုသော စကားအား အမျိုးသမီး တပည့်များနဲ့ ခွဲထုတ်ရန် အကြောင်းပြချက်အဖြစ် အသုံးချကာ တစ်ယောက်တည်း လေ့ကျင့်စေခဲ့သည်။

သွမ့်ယွမ်က မိန်းကလေးလို ဝတ်ထားရပေမယ့်လည်း သူ့ရင်ထဲမှာတော့ ငယ်ရွယ်သည့် ကောင်လေးတစ်ယောက် ဖြစ်နေဆဲသာ။ သူ့မှာ သာမာန်ကောင်လေးတွေမှာ ရှိတတ်တဲ့ ခပ်ဆိုးဆိုး စိတ်ဆန္ဒလေးတွေကတော့ မလွဲမသွေပင် ရှိနေခဲ့သည်။ တပည့် ညီအစ်မတွေနဲ့ ရှိနေတဲ့ အချိန်မှာ ထိန်းချုပ်နိုင်သည်။ သို့ပေမယ့် သူတစ်ယောက်တည်း တတိယစံအိမ်မှာ ရှိနေတဲ့ အချိန်ဆိုရင်တော့ သူ့ကိုယ်သူ ထိန်းမရတော့။

တတိယခန်းမဆောင်သခင်က သက်ပြင်းချသည်။

"မင်းဘယ်လိုဖြစ်လို့ ဒီလောက် ဆိုးနေရတာလဲ? ဘေးအခန်းက မင်းရဲ့ စီနီယာ အစ်ကိုကြီးကို ကြည့်စမ်းပါဦး။ သူက အရမ်းကို လိမ်မာပြီး နာခံမှုရှိတယ်။ နေ့တိုင်း အစောကြီး ထပြီး လေ့ကျင့်တတ်တာ တစ်ခါတစ်လေဆို နေတောင် မထွက်သေးဘူး။ ဒါပေမယ့် မင်းရဲ့အမူအကျင့်တွေကိုတော့ ကြည့်စမ်းပါဦး..."

သွမ့်ယွမ်က သစ်ကိုင်းတစ်ခုပေါ်တွင် လဲလျောင်းနေရင်း လက်လှမ်းမှီရာ သစ်သီးတစ်လုံးအား ခူးဆွတ်ရန် ရုန်းကန်နေသည်။ သူ့ဂါဝန်သည်လည်း မကြာခင်မှာပင် ပွသလောင်းလန်ပြီး ညစ်ပတ်လာလေသည်။ သူက မေးလိုက်သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now