Chapter(60) - ရှေ့ကိုဆက်သွား

3.4K 613 4
                                    

Unicode

အခန်း(၆၀) - ရှေ့ကိုဆက်သွား

ထိုမတော်တဆမှုများ စတင်ပြီးတာနဲ့ မဆုံးတော့ပေ

ပထမအချက်သည် သူတို့တွေ မြို့ငယ်လေး တစ်ခုအား ဖြတ်သန်းသွားတဲ့ အချိန်မှာ ရန်ကျင်းလေးက ကလေးတစ်ယောက်အား သတ်ဖြတ်သည်ဟု လိမ်လည်စွပ်စွဲခံရသည်။

ထိုကလေးက ရန်ဖြစ်ရင်းနဲ့ မြေပြင်ပေါ် မတော်တဆ လဲကျရင်း ခေါင်းအား ကျောက်တုံးနဲ့ ရိုက်မိကာ သွေးလွန်၍ ဆုံးရခြင်းပင်။ တရားခံ ကလေးက လူကြီးများရဲ့ ကဲ့ရဲ့ ခံရမည်အား ကြောက်ရွံ့တာကြောင့် ရန်ကျင်းအသေးလေးအား ကြုံသလိုပင် အပြစ်လွှဲချခဲ့သည်။

သူတို့တွေ ငြင်းဆန်ဖို့ ကြိုးစားပေမယ့်လည်း မည်သူကမှ သူတို့စကားကို နားမထောင်ခဲ့ကြ။ ဒါ့အပြင် ထိုမြို့က လူများက အမြင်ကျဉ်းမြောင်းပြီး တစ်ဖက်စောင်းနင်းကြသည်။ သူတို့က ဒါသည် ရန်ကျင်းလေးလိုမျိုး ပြင်ပလူများ ရောက်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကျိန်စာဟု ထင်မှတ်ကာ ထိတ်လန့်ကြောက်ရွံ့ကုန်ကြသည်။

ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်းမှာ ရန်ကျင်းအသေးလေးက ဆွေ့ရှန်းရဲ့ ကာကွယ်မှုအား ရရှိခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့။ သို့ပေမယ့် သူတို့ထိုမြို့ကနေ အောင်မြင်စွာ ထွက်ခွာပြီးနောက်မှာ ဆွေ့ရှန်းရဲ့ လက်နောက်ဘက်တွင် ထင်ထင်ရှားရှား ဒဏ်ရာများ မြင်တွေ့လိုက်ရသည်။

ရန်ကျင်းအသေးလေး အနေနဲ့ သူ့လက်လေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိရုံမှ တစ်ပါး တစ်ခြားမကူညီနိုင်ခဲ့ပေ။ ပုံမှန်ဆိုရင် သူက မတရားခံရရင်တောင် ဝမ်းနည်းနေမှာ မဟုတ်ပေ။ သို့ပေမယ့်လည်း ဒါကိုတော့ သည်းမခံနိုင်တာကြောင့် မျက်လုံးများပင် နီရဲလာရသည်။

ဆွေ့ရှန်းက သူ့မျက်နှာကို မြင်သောအခါ သူဒဏ်ရာရသွားတယ်ဟု ထင်သွားပြီး စိတ်ပူပန်စွာ မေးလာသည်။

"ဘယ်နေရာက မသက်မသာ ဖြစ်နေလို့လဲ?"

ရန်ကျင်းအသေးလေးက ခေါင်းသာခါပြပြီး အသံတိုးတိုးလေးဖြင့် ပြောလာသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now