Chapter(54-1) - ရုပ်သေး

3.4K 720 11
                                    

Unicode

အခန်း(၅၄-၁) - ရုပ်သေး

ချုန်းယွီဂိုဏ်း၏ တာအိုအဖော်အခန်းအနားမှ အဓိကလူနှစ်ယောက်မှာ စိတ်ဝိညာဉ်သခင် ချုန်းယွီရဲ့ တပည့် ရွှယ်ဖုန်းကျီနှင့် စိတ်ဝိညာဉ်သခင် ချီယွီရဲ့ တပည့်လျှန်ရုတို့ဖြစ်သည်။

နှစ်ယောက်လုံးက ဂိုဏ်းထဲကို အစောကတည်းက ဝင်ရောက်ခဲ့ပြီး ငယ်ရွယ်စဉ်ကတည်းက အတူတကွ လေ့ကျင့်ခဲ့ကြသည်။ ရလဒ်ကတော့ သူတို့ အချင်းချင်း လေးနက်သည့် ခံစားချက်များ ဖြစ်ပေါ်လာပြီး ၎င်းတို့၏ ကတိကဝတ်ကို ကိုယ်စားပြုရန်အတွက် တာအိုအဖော်အခမ်းအနားကျင်းပရန် သဘာဝကျကျ ဆုံးဖြတ်ခဲ့ခြင်းပင်။

တာအိုအဖော်အခန်းအနား ကျင်းပရန် တစ်ရက်သာ လိုတော့သည်။ ရွှယ်ဖုန်းကျီ သူ့ရဲ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ ခုန်ပေါက်နေပြီး တည်ငြိမ်မှုဆိုတာ မရှိသလောက်နီးပါးပင်။ သူက အခုမှ ရင်ခုန်တက်စအရွယ် မြီးကောင်ပေါက်လေးလိုဖြစ်နေသည်။

သူက ရင်ထဲက မငြိမ်မသက်မှုကို ဖိနှိပ်နိုင်ရန်အတွက် အခါးရည်အေးအေးတစ်ခွက် ကောက်မော့လိုက်ရ၏။

အမြန်ဆုံး, အမြန်ဆုံးနဲ့ မကြာခင်သူ အားရုကိုပိုင်ဆိုင်ရတော့မယ်....မကြာခင်ပဲ သူတို့တွေ နေ့ရောညပါ အတူတူနေပြီး ဘယ်တော့မှ မခွဲခွာကြတော့ဘူး

သူ့ချစ်သူအကြောင်း စဉ်းစားနေဆဲ အချိန်မှာပင် ရုတ်တရက် တံခါးဆီမှ ခေါက်သံ ထွက်ပေါ်လာသည်။ သူကချက်ချင်း သတိဝင်သွား၏။

"ဘယ်သူလဲ?"

ရင်းနှီးတဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး ကြည့်ရတာ သူ့ဂျူနီယာညီမလေး ဖြစ်ပုံပင်။

"စီနီယာအကိုကြီးရွှယ်, စီနီယာအကိုကြီးရွှယ်!"

ထိုအသံက အလျင်လိုနေတာကြောင့် ရွှယ်ဖုန်းကျီအား တံခါးကို အလျင်အမြန် ဆွဲဖွင့်ပြီး ကျယ်လောင်စွာ မေးမြန်းမိသွားစေသည်။

"ဘာဖြစ်လို့လဲ?"

တံခါးပွင့်သွားသောအခါ ဂျူနီယာညီမလေးရဲ့ စိုးရွံ့ထိတ်လန့်နေသော အမူအရာပေါ်လာသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now