Chapter(57) - ကံကြမ္မာဟောစာတမ်း

3.6K 676 11
                                    

Unicode

အခန်း(၅၇) - ကံကြမ္မာဟောစာတမ်း

ရှန်ကျစ်ရှန်းက မြင်းပျံအား လက်နဲ့ပုတ်ပြီး ပန်းပွင့်နဲ့ တစ်မီတာလောက် အကွာအဝေးမှာ ဆင်းသက်ရန် ကနဦး လုပ်ဆောင်လိုက်သည်။ သူကပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သေးသည်။

နေရာတစ်ခုလုံးက ဖုန်းဆိုးတောတစ်ခုကဲ့သို့ ဖြစ်နေကာ အလေ့ကျ ပန်းပွင့်လေးများကသာ လေယူရာ ယိမ်းနွဲ့နေ၏။

ထိုပန်းက မုံသခင်မရဲ့ လက်ကောက်ဝတ်က ပန်းနဲ့ အမှန်တကယ်ပင် ဆင်တူလှသည်။

လဖြူပန်းပွင့်ချပ်များက အောက်ခြေမှာ အနည်းငယ် ဖြူစုတ်စုတ်ဖြစ်နေကာ တစ်ဝက်က ပွင့်အာ၍ တစ်ဝက်က ပိတ်နေသည်။ ညအချိန်မှာ ၎င်းက လရောင်နဲ့ ရောနှောနေပုံပင်.။

အဲ့ဒါက ဒီအတိုင်း.....

ရှန်ကျစ်ရှန်းက လေထဲက ထူးဆန်းတဲ့ ရနံ့အား ရှုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်မိသွားသည်။

"ဘာလို့ဒီ....အနံ့က မုန့်နံ့ရနေတာလဲ?"

ရန်ကျင်းက ခေါင်းညိတ်ပြပြီး သူ့ဓားအား ဆွဲထုတ်လိုက်သည်။

ရှန်ကျစ်ရှန်းက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ကာ ရန်ကျင်းက ပန်းများရှိရာသို့ သူ့ဓားသွားအား ဝှေ့ယမ်းလိုက်သည်ကို ကြည့်နေသည်။ သူထိုသို့ လုပ်လိုက်တာနဲ့ ပွင့်ချပ်များက မြေပြင်ပေါ် သက်ဆင်းသွား၏။

မဟုတ်ဘူး။ ဒါက မုန့်ပေါင်းနံ့ပဲ

ရှန်ကျစ်ရှန်းက အံ့အားသင့်သွားရသည်။ သူ့အကြည့်က မြေပြင်ဆီက ပွင့်ချပ်များနဲ့ မုန့်ပေါင်းများဆီသို့ ရောက်သွား၏။ သူက အံသြတကြီး အာမေဋိတ်သံ ထွက်မိလေသည်။

"မြေပြင်ပေါ်မှာ....ဘယ်လိုဖြစ်လို့ မုန့်ပေါင်းတွေ ရှိနေရတာလဲ?"

ရန်ကျင်းက ရုတ်တရက် သိပ်မဝေးတဲ့ နေရာမှ အကာအရံ တစ်ခုဆီ လျှောက်သွားသည်။ သိပ်မကြာခင်မှာပဲ ကျောက်တုံးတစ်တုံး နောက်ကွယ်မှ လူတစ်ယောက်အား ဆွဲထုတ်လာတော့လေသည်။

၎င်းသည် မျက်စိစွေစွေနဲ့ ခေါင်းပြောင် ဘုန်းကြီးတစ်ပါးပင်။ ရန်ကျင်းရဲ့ ဓားဆီမှ ဖိအားကြောင့် ကမန်းကန်း မြေပြင်မှာ တွားသွားကာ အော်ဟစ်လာသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now