Chapter(37-1) - ကျွန်တော်ရှိတယ်

5.8K 1.1K 49
                                    

Unicode

အခန်း(၃၇-၁) - ကျွန်တော်ရှိတယ်

ရှန်ကျစ်ရှန်းရဲ့ မျက်လုံးများ မှိတ်သွားသောအခါ ရန်ကျင်းက ဆက်ပြီး တွန့်ဆုတ်မနေတော့ပေ။ ဖြည်းဖြည်းချင်း အသက်ရှုထုတ်လိုက်ပြီး သူ့မျက်လုံးပေါ်တွင် အနီရောင် အလွှာတစ်ထပ် တက်လာသည်။ သူကရှန်ကျစ်ရှန်းရဲ့ ခန္တာကိုယ်ထဲကို ဝိညာဉ်ချီများ ဆက်လက်ပေးပို့ပေးနေပြီး အချိန်အကြာကြီး ဝိညာဉ်ချီစွမ်းအင် လိုအပ်နေခဲ့သည့် သွေးကြောများအား ပြန်လည်ဖြည့်တင်း၍ ဖြေလျော့ပေးနေသည်။

ရှန်ကျစ်ရှန်းက သတိပြန်ဝင်လာပြီ ဖြစ်တာကြောင့် ဆက်ပြီး ထိန်းသိမ်းထားစရာ မလိုတော့ချေ။ ရန်ကျင်းက သူ့ဆုပ်ကိုင်မှုအား ဖြည်းညှင်းစွာ ဖြေလျော့ပေးလိုက်ပြီး သူ့လက်အား အောက်ကိုဆက်ဆင်းလိုက်ရင်းဖြင့် ရှန်ကျစ်ရှန်းရဲ့ လက်ဖဝါးအား ကိုင်လိုက်သည်။

ရန်ကျင်းရဲ့ လက်ဖဝါးက အလွန်နွေးထွေးပြီး သက်တောင့်သက်သာရှိလှကာ ရှန်ကျစ်ရှန်းအား လုံခြုံမှုရသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။ သူသည်လည်း ရန်ကျင်းရဲ့လက်ကို တင်းတင်းကြပ်ကြပ် ပြန်လည်ဆုပ်ကိုင်မိသည်မှာ ရေနစ်နေတဲ့လူတစ်ယောက်က နောက်ဆုံးတော့ သူ့ကိုအသက်ကယ်နိုင်မယ့် ရေမျောကမ်းတင်သစ်သားတုန်းအား ဖမ်းမိသွားသလိုပင်။

ရှန်ကျစ်ရှန်းရဲ့ ခန္တာကိုယ်က အလွန်အားနည်းနေသည်။ တစ်ချိန်တည်းမှာ ဝိညာဉ်စွမ်းအင်တွေ အလွန်အကျွံ လွှဲပေးလိုက်လို့ ကောင်းတာထက် ပိုဆိုးသွားမှာကို ရန်ကျင်းက ကြောက်ရွံ့မိသည်။ ရှန်ကျစ်ရှန်းရဲ့ အခြေအနေ ပုံမှန်ဖြစ်လုနီးပါး ဖြစ်သွားတဲ့အခါမှာတော့ ရန်ကျင်းက သူ့ဝိညာဉ်စွမ်းအားများအား ဖြည်းညှင်းစွာဖြင့် ပြန်ရုတ်သိမ်းလိုက်သည်။ ပြီးတာနဲ့ သူ့နှဖူးအား ရှန်ကျစ်ရှန်းနဲ့ အဝေးကို အနည်းငယ် ခွာလိုက်၏။

သူတို့က အလွန်နီးကပ်နေသဖြင့် ရန်ကျင်းရဲ့ အကြည့်များက ရှန်ကျစ်ရှန်းရဲ့ မျက်နှာကိုကြည့်ရန်အတွက် နိမ့်ဆင်းသွားသောအခါ ဒီတစ်ခေါက် ဖြစ်ရပ်ကြောင့် အနည်းငယ်ခြောက်ပြီး ဖြူဖျော့နေသည့် သူ့နှုတ်ခမ်းများကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now