Chapter(48-1) - သံချေးတက်နေသည့် သော့

5.4K 925 13
                                    

Unicode

အခန်း(၄၈-၁) -  သံချေးတက်နေသည့် သော့

မကောင်းဆိုးဝါး အသွင်ရှိသည့် ထိုအနက်ရောင် တိမ်တိုက်ကြီးက လေထုအလယ်မှာ မျောလွင့်နေရင်း ထူးဆန်းသည့် ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်မှာ ရုတ်တရက် တစ်စုံတစ်ခုက စုပ်ယူလိုက်သလိုမျိုး လုံးဝကို နစ်မြှုပ်ပျောက်ကွယ်သွားတော့၏။

ကောင်းကင်က ဘာမှမဖြစ်ခဲ့သလိုမျိုး ပုံမှန်အတိုင်း ပြန်လည်ကြည်လင်သွားလေသည်။ သို့သော်လည်း ရှန်ကျစ်ရှန်းရဲ့ နှလုံးသားက မွမ်းကျပ်သွားပြီး မသက်မသာဖြစ်သည့် အာရုံခံစားမှုများ ထိုးတက်လာတာကြောင့် ခဏတာလောက်ထိ ငေးကြောင်ကြောင် စိုက်ကြည့်နေမိသည်။

ဝါးပင်များက မြင်ကွင်းကို ဖုံးကွယ်ထားတာကြောင့် ထိုနေရာမှာ ဘာဖြစ်နေတာလဲ ရှန်ကျစ်ရှန်း မမြင်နိုင်ပေ။ အဲ့ဒါက အိမ်တော်ရဲ့ နယ်နမိတ်အတွင်းမှာပဲ ရှိနေတယ် ဆိုတာကိုသာ ပိုင်းခြားသိမြင်နိုင်သည်။

သူက ရန်ကျင်းကို လက်ယပ်ခေါ်လိုက်သည်။ ရန်ကျင်းက သူ့အပေါ်ရုံနဲ့အတူ ရောက်လာကာ ရှန်ကျစ်ရှန်းအပေါ် လွှမ်းခြုံပေးရင်း မေးလာ၏။

"ဘာမှားနေလို့လဲ?"

"ငါထင်တာ အဲဒီနားလေးမှာ တစ်ခုခု မှားနေသလိုပဲ" ရှန်ကျစ်ရှန်းက မသက်မသာ ခံစားနေရဆဲ ဖြစ်တာကြောင့် ခပ်ဖွဖွ မျက်မှောင်ကျုံ့နေမိသည်။

 ဒီလိုမျိုး မခံစားရတာ ကြာနေပြီ, ပြီးတော့ အဲ့ဒီထူးဆန်းတဲ့ တိမ်တိုက်က သူ့ကိုစိတ်ပူပန်အောင် လုပ်နေတယ်။

ထိုထူးဆန်းသော အနက်ရောင်တိမ်တိုက်က သူ့ကို ဖော်မပြနိုင်သော ခံစားချက်ကို ပေးစွမ်းသည်။

ထိုထူးဆန်းတဲ့ အနက်ရောင်တိမ်တိုက်က ဘယ်ရောက်သွားလဲ ဆိုတာ ရှန်ကျစ်ရှန်း မပြောနိုင်ပေမယ့်လည်း ကောင်းတာတော့ လုံးဝမဟုတ်ဘူးဟု ခံစားနေရသည်။ သူက ရန်ကျင်းအား ဆွဲခေါ်လိုက်ပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ ထို့နောက် သူ့လက်အား ပြတင်းပေါက်ဘောင်ဆီသို့ ဆန့်ထုတ်လိုက်၍ တစ်ဖက်ကို အလွယ်တကူ ခုန်ကူးသွားတော့သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now