Extra (2) - အမွှေးလုံး(1)

3.1K 458 18
                                    

Unicode

Extra (2) - အမွှေးလုံး(1)

လျှို့ဝှက်မြေ ပျက်စီးသွားပြီးနောက်မှာ နတ်ဆိုးများကို ချေမှုန်းနိုင်ခဲ့ပြီး ခေတ္တခဏလောက် ဝမ်းမြောက်ခြင်းများ ရှီခဲ့သည်။ ထို့နောက်မှာတော့ စွန့်ပစ်မြေရဲ့ အရှင်သခင်က ဂိုဏ်းသခင်ရှန်အား ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ကြောင်ငေးစွာ ကြည့်နေပြီးနောက် လူတိုင်း ထိတ်လန့်တကြားဖြစ်သွားကြပြန်သည်။

ဘာတွေ ဖြစ်ကုန်တာလဲ? ဘယ်လိုလုပ်ကြမလဲ? ဂိုဏ်းသခင်ရှန် ဒုက္ခရောက်နေပြီလား မသိဘူး? အဲ့ဒီ နတ်ဆိုးကြီးက ဂိုဏ်းသခင်ရှန်ကို ဘာလုပ်ဖို့ စီစဉ်ထားလဲ မသိဘူး?!

တပည့်များစွာသည် ဝူရွှမ်းကို စိုက်ကြည့်နေကြသည်။ ဝူရွှမ်း၏လူအများအပြားသည်တော့ စိတ်ဖိစီးလာကာ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြ၏။

သူတို့မျက်လုံးတွေက သတိကြီးကြီး ရှိနေသည်။

သူတို့ရဲ့ လက်ရှိအခြေအနေတွေကြောင့် လူကိုရှာဖို့ စွန့်ပစ်မြေထဲထိ ဝင်မသွားနိုင်ခဲ့ပေ။ ခေါင်းဆောင်များအားလုံးက သူတို့ တပည့်များကို ခေါ်ကာ ပြန်သွားပြီး ခေတ္တအနားယူပြီးတာနဲ့ အခြေအနေကို ဆွေးနွေးရန် ချင်းယွင်ဂိုဏ်းဆီ ထပ်မံ ခရီးဆက်ရန်သာ ရှိတော့သည်။

ဝူရွှမ်းက ပထမဆုံးသွားခဲ့သူပင်။

ထို့နောက်မှာတော့ သူက ငေးကြောင်ကြောင်ဖြင့် ပြန်ရောက်လာသည်။

ရွှယ်ချီနှင့် တစ်ခြားသူများက သူ့ဆီ စာများ ပိုပြီး အခြေအနေကို မေးမြန်းကြ၏။ ဝူရွှမ်းကတော့ အချိန်အတော်ကြာအောင် ဆက်လက် နှုတ်ဆိတ်နေခဲ့ပြီး ဘယ်လိုပြန်ဖြေရမှန်း မသိခဲ့။

တကယ်တော့ သူပြန်ဖြေဖို့လည်း မလိုတော့ပါဘူး။ သိပ်မကြာခင်မှာ ပြန့်နှံ့သွားတဲ့ ကောလဟာလတွေကတင် လုံလောက်နေပြီလေ။

ကောလဟာလများအား ရွှယ်ချီ ကြားတဲ့အချိန်မှာ သူသည်လည်း အချိန်အတော် ကြာအောင် တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်မှာတော့ သတင်းပို့လာသည့် လူငယ် တပည့်လေးအား ဂရုတစိုက် မေးလိုက်၏။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now