Chapter(29-1) - စာအုပ်

6.1K 1.2K 58
                                    

Unicode

အခန်း(၂၉) - စာအုပ်

ရှန်ကျစ်ရှန်းက လူငယ်လေးအား နောက်ထပ် တူတစ်စုံထပ်ချခိုင်းလိုက်သည်။ သွမ့်ယွမ်က သူ့ကို လိုလိုလျားလျားပင် ကျေးဇူးတင်ပြီး လာထိုင်လေသည်။

အိုး, ဘယ်လိုတောင် ယဉ်ကျေးတဲ့ အပြုအမူလဲ

ရှန်ကျစ်ရှန်းက သူ့ရဲ့တပည့်တော်လေးအတွက် သူမရဲ့နောက်ခံအား တမင်သက်သက် မသိမသာဖြင့် မေးမြန်းစုံစမ်းသည်။ ရလဒ်ကတော့, သွမ့်ယွမ်ရဲ့ နောက်ခံအကြောင်းကို ယေဘုယျကျကျ ကောင်းကောင်းနားလည်သွားတဲ့ အချိန်ထိ သူရှေ့က စားစရာတွေအား လစ်လျူရှုမိသွားတော့တာပဲ။

သွမ့်ယွမ်က ချန်ယင်စံအိမ်ရဲ့ တပည့်တစ်ယောက်ဖြစ်သည်။ တတိယခန်းမသခင်ရဲ့ ကိုယ်ရေး တပည့်တစ်ယောက် အနေနဲ့ သူမရဲ့အဆင့်အတန်းက အတော်လေး စီနီယာကျ၏။ ဒီနှစ်မှာ သူမက အသက်နှစ်ဆယ်ပြည့်တော့မည်ဖြစ်ရာ အတွေ့အကြုံရရှိရန်အတွက် သူမရဲ့ဆရာကိုနှုတ်ဆက်ပြီး ဂိုဏ်းမှထွက်လာခဲ့ခြင်းဖြစ်သည်။

သွမ့်ယွမ်၏ နှုတ်ခမ်းက ကွေးညွှတ်နေသည်။ ရှန်ကျစ်ရှန်းက သန့်ရှင်းသပ်ရပ်ပြီး ထူးချွန်လှတဲ့ အင်္ဂါရပ်များရှိတာကြောင့် သူ့ကိုကြည့်ရတာ အတော်လေး အန္တာရယ်ကင်းမဲ့ပုံပေါ်သည်။ သူ့ရဲ့ စကားပြောပုံဆိုပုံကလည်း အတော်လေး ဟာသဉာဏ်ရွှင်သည်။ မထိန်းချုပ်နိုင်စွာပင် သူမရဲ့ သတိဝီရိယထားမှုက အနည်းငယ်ပိုပြီးကျဆင်းသွားရ၏။

"ဒီတစ်ခေါက်က ကျွန်မတစ်ယောက်တည်း လေ့ကျင့်ရတဲ့ ပထမဆုံးအကြိမ်ပဲ...."

တစ်ခြားနေရာတွေကိုတော့ သူမရဲ့ညီအစ်မတွေနဲ့ အကြိမ်အနည်းငယ် ထွက်ဘူးပေမယ့်လည်း အဲ့ဒီအတွေ့အကြုံတွေက.....
မေ့လိုက်တော့, သူတို့ကိုမပြောတာ အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်

ချန်းယင်စံအိမ်သည် သူတို့ရဲ့ အသက်နှစ်ဆယ် ပြည့်ပြီးသော အမျိုးသမီးတပည့်များအား လက်တွေ့ အတွေ့အကြုံရရှိစေရန် တောင်ပေါ်မှ ဆင်းခိုင်းသည်။ အမှန်တော့ သူမက အသက်နှစ်ဆယ်မပြည့်သေးဘူး

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now