Chapter(39-2) - ပုံရိပ်ယောင်

4.9K 1K 10
                                    

Unicode

အခန်း(၃၉-၂) - ပုံရိပ်ယောင်

ရန်ကျင်းက သူ့ကို အေးစက်စက် စကားအနည်းငယ် ထပ်ပြောသော်လည်း Little nine က သူ့ကို လစ်လျူရှုထားသည်။ သူ့ကိုကြည့်ရတာ သူ့ကိုယ်ပိုင် ကမ္ဘာလေးထဲမှာပဲ နစ်မြောနေသလိုပင်။

ရှန်ကျစ်ရှန်းမှာ ရွေးချယ်စရာ မရှိပဲ အသံတိုးတိုးဖြင့် မေးလိုက်ရသည်။

"တူတူပုန်းတမ်းကို ဘယ်လိုဆော့ရမှာလဲ?"

ဒီကလေးက လူတစ်ယောက်ရဲ့ ဆယ်ပုံ ပုံ တစ်ပုံသာ ဖြစ်သောကြောင့် ဖြစ်နိုင်သည် ရန်ကျင်းက ဘယ်လောက်ပဲ မေးခွန်းတွေ မေးနေပါစေ မတုန့်ပြန်ပေ။ သို့သော်လည်း ရှန်ကျစ်ရှန်းက ထိုမေးခွန်းကို မေးလိုက်သည်နှင့် Little nine က သူ့ရဲ့ ထပ်တလဲလဲ စကားများကို ရပ်တန့်လိုက်ပြီး သူ့ကိုလှည့်ကြည့်လာသည်။

"ကစားချင်လို့လား?မင်းနဲ့ငါနဲ့ ပုန်းမယ်လေ, သူ့ကိုရှာခိုင်းလိုက်...."

ရှန်ကျစ်ရှန်းက ရန်ကျင်းကို လှည့်ပြောသည်။

"ကြည့်ရတာ ထွက်ပေါက်ကို ရှာဖို့အတွက် ငါတို့ တူတူပုန်းတမ်း ဆော့ရမလား မသိဘူး?"

ရန်ကျင်းက မျက်မှောင်ကျုံ့သွားသည်။

"အရမ်းအန္တာရယ် များလွန်းတယ်"

"ဒီအနီးတစ်ဝိုက်မှာ သက်ရှိလူသား မရှိဘူးလေ, စကားပြောလို့ရတာ ကလေးတွေပဲရှိတယ်..... သူတို့က ဒီအတိုင်း ကွဲထွက်နေတဲ့ ဝိညာဉ်လေးတွေပါ, အကယ်၍ ငါတို့ ဒီဝိညာဉ်တွေကို ပေါင်းစည်းနိုင်အောင် ကူညီပေးလိုက်ရင် အခြေအနေကို သိရင်သိနိုင်မှာပေါ့"

ဒီနေရာသည် မသိနိုင်သည့် အန္တာရယ်များနှင့် မသိသော နယ်မြေတစ်ခုဖြစ်သည်။ သေချာပေါက် ရှန်ကျစ်ရှန်းလည်း ရန်ကျင်းနဲ့ မခွဲသွားချင်ပေမယ့် တစ်ခြား ရွေးချယ်စရာလည်း မရှိဘူးလေ, ဒီအချိန်မှာ တစ်ခုတည်းသော နည်းလမ်းက ကလေးရဲ့ စကားတွေကို လိုက်နာယုံတစ်ခုတည်းသာ။

ရှန်ကျစ်ရှန်းက ရန်ကျင်းအား တိုးတိုးလေးပြောပြီး ဆွဲဆောင်နေတဲ့ အချိန်မှာ Little nine က သူ့ရွတ်ဆိုမှုကို ပြန်ဆက်နေသည်။ ရန်ကျင်းရဲ့ နှုတ်ခမ်းက တင်းကြပ်သွားပြီး သူ့နှဖူးကြောများက ပိုလို့ပင် တင်းမာလာလေသည်။ နောက်ဆုံးတော့ တွန့်ဆုတ်စွာနဲ့ပဲ သဘောတူလိုက်ရသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now