Chapter(27 - 1) - အတူတကွခရီးသွားခြင်း

7.5K 1.3K 46
                                    

Unicode

အခန်း(၂၇ - ၁)  - အတူတကွခရီးသွားခြင်း

တိတ်ဆိတ်လှတဲ့အခန်းထဲမှာ,လူနှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက်အလွန်နီးကပ်စွာဖြင့်ရပ်နေကြသည်။

ရှန်ကျစ်ရှန်းကတော့လုံးဝဖိနှိပ်ချုပ်ချယ်ခံထားရတဲ့အနေအထားမှာရှိနေပြီးလွတ်မြောက်ဖို့နေရာမရှိတဲ့ထောင့်တစ်နေရာကိုအတင်းအဓမ္မဖိအားပေးပြီးတွန်းပို့ခံလိုက်ရတဲ့ကြောင်ကလေးတစ်ကောင်လိုပင်။

ပြီးရင်တော့အနိုင်ကျင့်တာသာခံရလိမ့်မည်။

ရှန်ကျစ်ရှန်းကသူ့ရဲ့တိုက်ခိုက်မှုစွမ်းရည်ကိုစဉ်းစားလိုက်ပြီးနောက်ရန်ကျင်းရဲ့စွမ်းရည်ကိုပါအကဲဖြတ်လိုက်သည်။

နိဂုံးချုပ်ကကြောက်စရာကြီး

ထို့ကြောင့်သူ့မှာခွန်အားကိုအောင်နိုင်ဖို့နူးညံ့မှုကိုသာသုံးနိုင်တော့သည်။သူမထွက်လာခင်တုန်းကစတုတ္ထအကြီးအကဲအားသူ့ဝိညာဉ်စွမ်းအားများကိုတံဆိပ်ခတ်ခိုင်းခဲ့သည်။အဲ့ဒါကသူ့နှလုံးရောဂါရုတ်တရက်ထမဖောက်စေဖို့သေချာစေလိမ့်မည်လေ။

ဒီအချိန်မှာတော့သူကအလှပန်းအိုးတစ်ခုကလွဲရင်ဘာမှကိုမဟုတ်ပေ။သူ့ဓားနဲ့သူ့ဦးနှောက်ကလွဲရင်သူ့ကိုယ်ထဲမှာဝိညာဉ်စွမ်းအင်ကစိုးစိမျှမရှိဘူး။

ရန်ကျင်းကသူ့ကိုစေ့စေ့စပ်စပ်ကြည့်ရှုနေပြီးသူ့မျက်နှာအားပူလောင်လှတဲ့မျက်လုံးများနဲ့ဂရုတစိုက်စီစစ်နေသည်။

ရန်ကျင်းသူ့ကိုသိသွားမှာကိုရှန်ကျစ်ရှန်းမကြောက်ဘူး။သူကရန်ကျင်းထက်အဆင့်မြင့်မားတဲ့သူတွေတောင်သူ့ကိုမသိတာသေချာစေဖို့နည်းလမ်းအမျိုးမျိုးကိုတမင်တကာအသုံးပြုခဲ့တာဖြစ်သည်။ထို့ကြောင့်ရန်ကျင်းကသူ့ကိုသိသွားလိမ့်မယ်ဆိုတဲ့ဖြစ်နိုင်ခြေအားခဏလောက်တော့မယုံကြည်ခဲ့ပေ။

ဒါဆိုဘာဖြစ်လို့,ဘယ်ကိစ္စနဲ့ပတ်သတ်ပြီးရန်ကျင်းကဒီလောက်စေ့စေ့စပ်စပ်ဖြစ်နေတာလဲ?

မရေရာတဲ့အတွေးများကသူ့စိတ်ထဲမှာခဏလောက်ဖြတ်သန်းသွားပြီးသူ့အာရုံအားနောက်တစ်ကြိမ်ဒီထူးဆန်းတဲ့အနေအထားပေါ်ကိုပြန်ရွှေ့လိုက်သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now