Part-48

23.7K 2.3K 221
                                    

(Zawgyi)🍀🍀🍀🍀

Part-48
(ကိုယ်..ချစ်​​သော clover..!!..)

ငြိမ်းချမ်း​သောအပြာ​ရောင်​​လွင်​​လေးလွမ်း​နေ​သော
အခန်းတစ်​ခု၏ ​ထောင့်​နားရှိ စာ​ရေးစားပွဲ​လေးတွင်
နီနီရဲရဲပါး​လေးနှစ်​ဖက်​နှင့်​ ​ကောင်​​လေးသည်​..
နေမ​ကောင်းဖြစ်​​နေ​သော​ကြောင့်​ ​ကျောင်းမလာ
နိုင်​​သော သူ့သူငယ်​ချင်းအတွက်​ မှတ်​စုစာအုပ်
လေးလုပ်​​ပေး​နေ​လေသည်​..။

သေချာအာရုံစိုက်​​နေ​သော ​ကောင်​​လေး၏...
လက်​​ရေးဝိုင်းဝိုင်း​လေးများက အပြာ​ရောင်​...
စာအုပ်​​လေးတွင်​ ​နေရာယူသည်​..။

အ​ရေးကြီး​သော စာများကို Highlights
လေးများသုံးကာ စနစ်​တကျမှတ်​​ပေး​နေ​သော
ကောင်​​လေးက သူငယ်​ချင်းဖြစ်​သူကို သူ
ဘယ်​​လောက်​အ​ရေးထား​ကြောင်းသိသာသည်​။

မှတ်​စုများ​ရေးမှတ်​ခြင်းပြီးသွား​သောအခါ...
ဘော့ပင်​နှင့်​စာအုပ်​​လေးကို ​နေရာတကျထား
သော​ ​ကောင်​​လေးကစည်းစနစ်​ရှိလွန်းသည်​။

စာ​ရေးစားပွဲခုံ​ပေါ်တွင်​​တော့ မိသားစုဓာတ်​ပုံ
လေးတစ်​ခုအပြင်​..။ မျက်​နှာတည်​လွန်း​သော
လူငယ်​တစ်​ဦးနှင့်​ မျက်​လုံးဝိုင်းဝိုင်း​ ပါးရဲရဲ​လေး
ကောင်​​လေး တွဲရိုက်​ထား​သောပုံ​လေးက..
နေရာယူထားသည်​...။

တည်​တင်း​နေ​သောမျက်​နှာအမူအရာရှိ​သော
လူငယ်​က ကင်​မရာဘက်​ကိုကြည့်​​နေကာ..
ကောင်​​လေးက​တော့ လက်​​လေးနှစ်​​ချောင်း
ထောင်​ကာရီ​နေ​သောပုံ​လေးဖြစ်​သည်​...။

နူးညံ့မှုနှင့်​မာ​ကျောမှုကို ကိုယ်​စားပြုထား​သော
ပုံ​လေးသည်​ ထူးခြားစွာပင်ကြည့်​​ကောင်းလွန်း
နေခဲ့သည်​..။ 

အခန်းငယ်​ထဲထွက်​​ပေါ်လာ​သော သက်​ပြင်းချ
သံ​လေးက ဓာတ်​ပုံ​လေးကိုကြည့်​​နေ​သော...
ကောင်​​လေးဆီမှဖြစ်​သည်​...။

အိမ်​​အောက်​ထပ်​ကိုဆင်းရန်​ဆုံးဖြတ်​လိုက်
သော ​ကောင်​​လေးက အခန်းတံခါးဆီသို့..
ခြေလှမ်းများကို ဦးတည်​လိုက်​သည်​..။

Clover your'e my clover[Completed]Where stories live. Discover now