Part-4

43.3K 3.9K 281
                                    

(Zawgyi)🍀🍀🍀🍀

Part-4
(ကိုယ်​..ချစ်​​သော Clover...!!..)

နာကျင်​လွန်း​သော ခံစားမှုတစ်​ခုအပြီး...
သစ်​မိုးအိမ်​ မျက်​ဝန်းများ မှိတ်​ကျသွားကာ...
အ​မှောင်​ထု၏ ​ထွေး​ပွေ့မှုကို ခံလိုက်​ရ​တော့သည်​။

သစ်​မိုးအိမ်​ မျက်​ဝန်းများကို ​နောက်​တစ်​ကြိမ်
ပြန်​ဖွင့်​ချိန်​တွင်​ သစ်​မိုးအိမ်​ကို ​စောင့်​ကြို​နေ
သည်​က ရင်းနှီး​နေ​သော အခန်းတစ်​ခု...။

သစ်​မိုးအိမ်​ အခန်းပတ်​လည်​ကို...
ကြည့်​ပြီး​နောက်​ နားမလည်​နိုင်​ ဖြစ်​သွား
ရသည်​...။ ဘာလို့ ဒီ​နေရာလဲ...။

သစ်​မိုးအိမ်​ ပါးပြင်​​ပေါ်မှ စိုစွတ်​​နေ​သော...
ခံစားမှု​ကြောင့်​ ထိကိုင်​ကြည့်​လိုက်​​တော့...
မျက်​ရည်​စများက စီးကြို​နေသည်​...။ မျက်​ရည်
တွေ..?..ငါ ငို​နေတာလား...။

သစ်​မိုးအိမ်​ အ​တွေးများဖြင့်​ ရုတ်​ရက်​ခတ်
နေစဉ်​ အခန်းတွင်းသို့ ဝင်​လာ​သော...
ဦး​လေး ​သော်​ထက်​...။

သစ်​မိုးအိမ်​ ၏ မျက်​ဝန်းများတွင်​...
အရိပ်​အ​ယောင်​တစ်​ချို့ ဖြတ်​​ပြေးသွားရသည်​။
တကယ်​ဘဲ..အဲ့ဒီအချိန်​လား.. မဖြစ်​နိုင်​တာ..။

သစ်​မိုးအိမ်​ ယူဆချက်​များကို အတည်​ပြုချင်
သော​ကြောင့်​ တိတ်​ဆိတ်​စွာသာ ​နေရန်​ဆုံးဖြတ်
လိုက်​သည်​...။

တဖြည်းဖြည်း ကြုံရသမျှ အဖြစ်​များသည်​...
လွန်​ခဲ့​သော ၁၀နှစ်​အတိုင်း ဖြစ်​​နေ​သောအခါ...
သစ်​မိုးအိမ်​ ဖြစ်​နိုင်​​ချေတစ်​ခုကို သုံးသပ်​လိုက်
သည်​...။

မိမိ ပြန်​လည်​​မွေးဖွား လာသည်​လား...။
ဒါဆို က​လေးငယ်​ က​ရော..။ က​လေးငယ်​ ကို..
ထပ်​​တွေ့ခွင့်​ ရမယ်​ဆိုတဲ့ သ​ဘောလား..။

သစ်​မိုးအိမ်​...ထိုအ​တွေးအဆုံး...
တစ်​ကိုယ်​လုံးရှိ အ​ကြောများ ဆွဲဆန့်​ခံလိုက်​ရ
သလို ခံစားလိုက်​ရသည်​...။

ပြန်​​တွေ့ရင်​​ရော က​လေးငယ်​ က ငါ့ကိုမုန်း​နေ
မှာများလား..။ အရင်​အချိန်​တုန်းကလို ငါ့ကို...
မ​ရွေးချယ်​ရင်​​ရော...။

Clover your'e my clover[Completed]Where stories live. Discover now