Part-72(ကိုကိုကဆိုးတယ် ရွက်စိမ်းလေးကိုကို့ညီလေးမလုပ်ချင်တော့ဘူး..)

18.6K 2.2K 87
                                    

(Zawgyi)🍀🍀🍀🍀

မလုပ်ချင်တော့ဘူး..)

Part-72
(ကိုယ်..ချစ်သော clover..!!..)

ရွက်စိမ်း ဝယ်လာသောပစ္စည်းများကို ဗီဒိုအောက်ဆုံး
ထပ်တွင်နေရာချလိုက်ပြီး တစ်ချို့ကိုအရင်ရှိပြီးသား
ပစ္စည်းများနှင့်ရောနှောကာ မသိမသာထားလိုက်သည်။
ရွက်စိမ်း အားလုံးကိုနေရာချပြီးမှ စိတ်ကျေနပ်သွားကာ
ရေချိုးရန်လုပ်လိုက်သည်။

ရွက်စိမ်း၏ရေချိုးချိန်က သိပ်မကြာသောကြောင့်
၁၅မိနစ်ဆိုလျှင်ပင်လုံလောက်သည်။ အိမ်နေရင်း
အဝါရောင်ထပ်အောက်ဆင်တူလေးကို ဝတ်ပြီး
လေးလေးကောင်း လာပို့ထားသော ဖရဲသီးစိတ်
လေးများထည့်ထားသည့် ပန်းကန်ကိုကောက်ကိုင်
လိုက်သည်။

လက်သုံးလုံးခန့်အရွယ်သာရှိသော ဖရဲသီးနီနီလေး
များက တစ်ချက်ကြည့်ယုံဖြင့်အရည်ရွှမ်းကာ သိပ်
ချိုမည့်ပုံပေါ်သည်။ နှုတ်ခမ်းသေးသေးလေးက..
ဖရဲစိတ်လေးကိုကိုက်လိုက်တိုင်း နီမြန်းကာစိုစွတ်
သွားပုံကလည်း ကြည့်ကောင်းလွန်းသည်။

သွေးကြောမျှင်လေးများ မြင်နေရသောပါးလေးများ
က တလှုပ်လှုပ်ဖြင့်ဖရဲသီးဝါးနေပုံလေးက သူ၏
တစ်ယောက်သောသူသာ မြင်ပါကကိုက်ရာအထင်း
သားဖြစ်အောင် ပါးအိအိလေးနှစ်ဖက်ကိုညှင်းပန်းပေ
လိမ့်မည်မှာ အသေအချာပင်ဖြစ်သည်။

ရွက်စိမ်းသည် ဖရဲသီးသရဲလေးပီသစွာပင် ဖရဲသီး
တစ်ပန်းကန်လုံးကိုအပြတ်ရှင်းကာ အခွံလေးများ
သာကျန်​တော့သည်လေ။ ရွက်စိမ်း စိုစွတ်နေသော
နှုတ်ခမ်းလေးကို လက်ခုံလေးဖြင့်ပွတ်သုတ်လိုက်
သောအခါ ပိုကာနီမြန်းသွားသည်။တစ်ပြိုင်နက်
တည်းပင် ဖရဲသီးသရဲလေးဆီမှ ကျေနပ်စွာ..
သက်ပြင်းချသံလေးက ထွက်လာသည်။

ထိုစဉ်မှာပင် အခန်းတံခါးခေါက်သံနှင့်အတူ
ဦးကောင်း၏အခန်းထဲဝင်ခွင့်တောင်းသံကထွက်
လာသည်။ ဦးကောင်းက ရွက်စိမ်းဆီမှ ဖရဲသီး
ပန်းကန်ကိုလာသိမ်းခြင်းဖြစ်သည်။

ရွက်စိမ်းကို ငယ်ငယ်ထဲက စောင့်ရှောက်လာသော
ဦးကောင်းက ဒီအချိန်ဆို ဖရဲသီးအခွံများသာကျန်
တော့မည်ဖြစ်ကြောင်းသိသောကြောင့်ဖြစ်သည်။
အမှန်တွင် ရွက်စိမ်းကသူစားနေကြအတိုင်း ဖရဲသီး
အခြမ်းလိုက်ကိုဇွန်းနှင့်ခပ်စားချင်ခြင်း ဖြစ်သည်။
သို့သော်မကြာခင် ညနေစာစားရတော့မည့် အချိန်
ရောက်တော့မည် ဖြစ်သောကြောင့် ဦးကောင်းက
ဖရဲသီးစိတ်လေး တစ်ချို့ကိုသာပြင်ဆင်ပေးလိုက်
၏။

Clover your'e my clover[Completed]Where stories live. Discover now