Part-17

26.9K 2.8K 118
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-17
(ကိုယ်​...ချစ်​​သော clover..!!..)

လင်း​နေ ​ကျောင်းဆင်း၍အိမ်​ပြန်​လာချိန်​တွင်​...
အိမ်​​ရှေ့ဧည့်​ခန်းတွင်​ ဝိုင်​ ​ထိုင်​​သောက်​​နေ​သော
ဖေ​ဖေ..။ လင်း​နေ ​ကျောင်းလွယ်​အိတ်​ကို...
အညို​ရောင်​ဆိုဖာ​ပေါ်တွင်​ တင်​လိုက်​ကာ...
ဖေ​ဖေ ​ဘေးတွင်​ဝင်​ထိုင်​လိုက်​သည်​..။

"​ဖေ​ဖေ.. ​မေ​မေ့ကို သတိရပြန်​ပြီလား..."

ဦးလင်း​မောင်​ ဝိုင်​ခွက်​ကို စားပွဲ​ပေါ်တင်​လိုက်
သည်​..။ ဝိုင်​ ​သောက်​ထား​သော်​လည်း အပြင်း
များသာ ​သောက်​​လေ့ရှိ​သော ဦးလင်း​မောင်​ က
တည်​တည်​ငြိမ်​ငြိမ်​ပင်​..။

"​ကျောင်းကပြန်​လာပြီလား..."

အစိတ်​လေးများလုပ်​ထား​သော ပန်းသီးတစ်​စိတ်
ကိုလှမ်းယူကာ စားလိုက်​ပြီး ဝိုင်​​ပြန်​​သောက်​​နေ
ပြန်​သည်​..။ ခပ်​​ဆွေး​ဆွေးနှင့်​ ရီ​ဝေ​နေ​သော..
အမူအရာကို ကြည့်​ယုံဖြင့်​ ​မ​ပြောလည်း လင်း​နေ
သိသည်​..။ ​ဖေ​ဖေ ​မေ​မေ့ကို လွမ်း​နေပြန်​ပြီ..။

လင်း​နေ ​ဖေ​ဖေဦးလင်း​မောင်​ ကို ကြည့်​ကာ
သက်​ပြင်းသာချရင်း အ​ပေါ်ထပ်​ရှိ လင်း​နေ..
အခန်းသို့သာ တက်​လာလိုက်​သည်​...။

ကျောင်းလွယ်​အိပ်​ကို စာရေးစားပွဲနှင့်​ တွဲထား
သော ထိုင်​ခုံတွင်​တင်​လိုက်​သည်​။ အနည်းငယ်
ချွေးထွက်​​နေ​သော​ကြောင့်​ ​ရေမိုးချိုးကာ ကိုယ်
လက်​သန့်​စင်​ရန်​ ပြင်​ဆင်​လိုက်​သည်​...။

ရေပန်းမှတစ်​ဆင့်​ ​ရေများကို မျက်​နှာ​ပေါ်သို့
ကျ​စေကာ မျက်​ဝန်းများ မှိတ်​ထားလိုက်​သည်​။
အေးမြ​သော ​ရေများက ဆယ်​​​ကျော်​သက်​​လေး
ဖြစ်​​သော်​လည်း ကြည့်​​ကောင်းသန်​မာ​သော...
အချိုးအဆစ်​ရှိသည့်​ လင်း​နေ ကိုယ်​​ပေါ်သို့...
ဖြတ်​သန်း စီးဆင်းသွားရသည်​..။

ရေ​အေးနှင့်​ ချိုးရသည်​ကိုသာ သ​ဘောကျ​သော
လင်း​နေက ​ဆောင်းရာသီတွင်​ပင်​ ​ရေ​အေးနှင့်​သာ
ချိုးသည်​..။ ​မေ​မေ ရှိစဉ်​က​တော့ ဆူပူကာ တား
လေ့ရှိ​သော်​လည်း အခု​တော့ လင်း​နေ ကို တား
မည့်​သူမရှိ​တော့...။

Clover your'e my clover[Completed]Where stories live. Discover now