Final(2)

26.2K 1.8K 298
                                    

Final (1) ကို vote ပေးပြီးပြီလားပြော🌚🔥

(Zawgyi)🍀🍀🍀

Final(2)
(ကိုယ်..ချစ်သော clover..!!..)

GS group,မြို့တော်Y..

"အတွင်းရေးမှူးချုပ် ဒါကဒီနေ့လည်အပြီးသတ်ရမှာ
တွေပါ"

စားပွဲပေါ်တင်ပေးလာသော ဖိုင်များကတစ်တောင်ခန့်
မြင့်သည်။ ရွှေရောင်မျက်မှန်အောက်မှ မျက်လုံးများ
တွင် အမည်းရောင်များပင်သန်းနေပြီဖြစ်သော်လည်း
အမူအရာနည်းနည်းလေးပင်မပျက်။ ရွှေကိုင်းမျက်မှန်
ကို ပင့်တင်လိုက်ရင်း..

"ကောင်းပြီ ထားခဲ့လိုက်ပါ"

"ဟုတ်ကဲ့ပါ အတွင်းရေးမှူးချုပ်။ အတွင်းရေးမှူးချုပ်
ကော်ဖီလိုသေးလားရှင့်"

မိုးဝေ ဘယ်နှစ်ခွက်မှန်းမသိကုန်သွားပြီးဖြစ်သော
ကော်ဖီခွက်ဆီအကြည့်ရောက်သွားရပြီး စားပွဲပေါ်
မှဖိုင်များကိုတစ်ချက်ကြည့်လိုက်ကာပြောလိုက်၏။

"ကျေးဇူးပြုပြီး black coffee လေးပေးပါ"

"ဟုတ်ကဲ့ပါ အတွင်းရေးမှူးချုပ်"

ဝန်ထမ်းမလေးသည် အတွင်းရေးမှူးချုပ်၏
အလုပ်လုပ်နိုင်ပုံနှင့်စေ့စပ်သေချာမှုကို အလွန်
အားကျနေတော့သည်။ မိုးဝေအတွက်ကော်ဖီယူ
ပေးရန်ချက်ချင်းပင် ထွက်သွားသည်။

Ringtone....။

မိုးဝေ အလုပ်များလွန်းသောကြောင့် ဖုန်းလာသည်
ကို နာမည်ပင်မကြည့်နိုင်ဘဲကိုင်လိုက်သည်။တစ်ဖက်
မှအသံကို ကြားသောအခါ မိုးဝေ၏ဘော့ပင်ကိုင်ထား
သောလက်များကိုတင်းတင်းဆုပ်လိုက်မိတော့သည်။

"Boss!! ဘယ်တော့ပြန်လာမှာလဲ"

"ပြန်လာမှာပေါ့ဆိုတာ ဘယ်တော့လဲ! Boss
ကျွန်တော့်ကိုအဲ့လိုပြောနေတာ ခဏခဏရှိနေပြီ"

"ဒုဥက္ကဌသတိရနေပြီဆိုတာ ကျွန်တော်သိပြီးပြီ
Boss ကျွန်တော့်ကို ဂျင်းမထည့်နဲ့!!"

"ဒုဥက္ကဌ accident ဖြစ်တာ တစ်ပတ်လောက်ဘဲ
ရှိသေးတာလေဘယ်လိုလုပ်ပြီးကျွန်တော်လုပ်ရမယ့်
အလုပ်က တစ်လစာတောင်ဖြစ်နေရတာလဲ !!"

"Boss တစ်ပတ်အတွင်းပြန်မလာရင် မီးခံသေတ္တာ
ထဲက ကုမ္ပဏီအချက်အလက်တွေအကုန်ရောင်းစား
ပြစ်မယ်။ မီးခံသေတ္တာ password က ကျွန်တော့်
မွေးနေ့ဆိုတာ ကျွန်တော်သိပြီးသားနော်.. Boss
ပြန်မလာရင် အကုန်ရောင်းစားပြစ်မယ် ဒါဘဲ!!"

Clover your'e my clover[Completed]Where stories live. Discover now