Part-25

24.9K 2.5K 88
                                    

(Zawgyi)🍀🍀🍀🍀

Part-25
(ကိုယ်​..ချစ်​​သော clover..!!..)

နောက်​တစ်​​နေ့ မနက်​ခင်း....

အလုပ်​သမားထားခြင်းမရှိဘဲ သားအဖနှစ်​​​ယောက်
သာ​နေသည့်​ လင်း​နေတို့အိမ်​သည်​ အနည်းငယ်
ခြောက်​ကပ်​ကာ တိတ်​ဆိတ်​​နေသည်​။

လင်း​နေ ​ကျောင်းသွားရမည်​ဖြစ်​​သော​ကြောင့်
ကျောင်းအင်္ကျီအဖြူနှင့်​ ပုဆိုးအစိမ်းကို ဝတ်​ဆင်
လိုက်​သည်​။ နားရွက်​အ​ပေါ်ဘက်​နားတွင်​ ခပ်​ရှင်း
ရှင်းဖြစ်​​အောင်​ ညှပ်​ထား​သော ဆံပင်​​ပုံစံက...
လင်း​နေကို ပိုမိုရှင်းသန့်​​စေကာ အမြဲပြုံး​နေတတ်
သော နှုတ်​ခမ်း​ထောင့်​များ​ကြောင့်​ လင်း​နေကို..
စကားလုံးအနည်းငယ်​ဖြင့်​ ​ပေါ်လွင်​​အောင်​​ပြောရ
ပါက စွဲမက်​ဖွယ်​​ကောင်း​သော လူရည်​မွန်
သခင်​​လေး ဟူ၍ပင်​..။

လင်း​နေ ပြင်​ဆင်​ပြီးသည်​နှင့်​ လုပ်​​နေကြ
အ​လေ့အကျင့်​အတိုင်းပင်​ စားပွဲ​ပေါ်တွင်​တင်
ထား​သော မိသားစုသုံး​ယောက်​ပုံ​လေးကို
ကြည့်​ကာပြုံးလိုက်​သည်​။ အရင်​​နေ့များတွင်
လင်း​နေ၏ အပြုံးများမှာ လွမ်း​ဆွေး​နေတတ်
သော်​လည်း ယ​နေ့အပြုံးများမှာ​တော့ ​ပေါ့ပါးကာ
သစ်​လွင်​​နေသည်​...။

လင်း​နေ ဒီ​နေ​တော့ ​မေ​မေ့ကို ​တွေ့​ခဲ့​သော...
နေရာကိုတစ်​​ခေါက်​ပြန်​သွားမည်​။ လင်း​နေ..
ဖေ​ဖေကို​တော့ ထိုအ​ကြောင်းကို​ပြောမထား..။
မေ​မေ့ကို ရှာ​တွေ့​သောအချိန်​မှသာ
ဖေ​ဖေ​ဦးလင်း​မောင် ​ပျော်​​အောင်​​ပြောပြမည်​ဟု
ကြံရွယ်​ထားသည်​..။

မ​နေ့က ဒီ​ရေလှိုင်း၏ အကူအညီဖြင့်​ ထို​နေရာ
တစ်​ဝိုက်​တွင်​ရှာခဲ့​သေးသည်​။ သို့​သော်​ လင်း​နေ
မေ​မေနှင့်​ နာမည်​တူသောသူပင်​မရှိခဲ့။ လင်း​နေ..
လက်​မ​လျော့​ပါ။ လင်း​နေမသိစိတ်​က သတိ​ပေး​နေ
သည်​က လင်း​နေ ဒီတစ်​​ခေါက်​​တော့ ​မေ​မေ့ကို
ရှာ​တွေ့ မှာ ကျိန်း​သေသည်​တဲ့..။

လင်း​နေ မိသားစုဓာတ်​ပုံ​လေးကို ​နေရာတကျ
ပြန်​ထားလိုက်​သည်​။ လင်း​နေ ​ကျောင်းလွယ်
အိတ်​ကိုယူကာ ​အောက်​ထပ်​သို့ဆင်းလာချိန်​တွင်​ 
ဖေ​ဖေဦးလင်း​မောင်​က ဖုန်း​ပြော​နေသည်​။
လင်း​နေ လာသည်​ကိုမြင်​သည်​နှင့်​ ​ဖေ​ဖေ
ဦးလင်း​မောင်​က ဖုန်းကိုချက်​ချင်းချပြစ်
လိုက်​သည်​..။

Clover your'e my clover[Completed]Where stories live. Discover now