Part-37

22.9K 2.5K 248
                                    

(Zawgyi)🍀🍀🍀🍀🍀🍀

Part-37
(ကိုယ်...ချစ်သော clover..!!..)

Y မြို့​တော်​၏ လမ်း​မ​ပေါ်တွင်​ ဒီ​ရေလှိုင်း
မောင်းနှင်​လာ​သော ကား​လေးသည်​ တရိပ်​ရိပ်
ပြေး​နေ​လေသည်​။ ကား​လေး​ထဲတွင်​ ဒီ​ရေလှိုင်း၏
သက်​ပြင်းချသံက ထွက်​​ပေါ်လာသည်​။ ဒီ​ရေလှိုင်း
သည်​ မူလပုံစံကိုက ခက်​ထန်​ကာ​အေးစက်​သူဖြစ်
သည်​။ ​ဒေါသထွက်​​သောအချိန်​များတွင်​ဆို ​ပြော
စရာပင်​ မလို​တော့။

အလကားသက်​သက်​ က​လေးနှစ်​​ယောက်​ကို
ခြောက်​လှန့်​မိမည်​ဆိုး​သော​ကြောင့်​ ဒီ​ရေလှိုင်း
စိတ်​ကိုအတတ်​နိုင်​ဆုံး​လျော့​နေရသည်​...။
ဒီ​ရေလှိုင်း တိတ်​ဆိတ်​​နေ​သော က​လေးနှစ်​​ယောက်
ကြောင့်​ ကား​နောက်​ခန်းကို ကြည့်​လိုက်​သည်​..။

တွေ့လိုက်​ရသည်​က ​ခေါင်းလုံးလုံးနှစ်​ခုကို ဆိုင်​ကာ
အပီအပြင်​ အိပ်​ငိုက်​​နေ​သော အ​သေးနှစ်​​ကောင်​။
ဒီ​ရေလှိုင်း ထင်​ခဲ့သည်​က တည်​တင်း​နေ​သော
မိမိမျက်​နှာအမူအရာကို ​ကြောက်​လန့်​ကာ ငြိမ်​​နေ
ကြသည်​ဟူ၍..။ ထို​​ကြောင့်​ လည်းအတတ်​နိုင်​ဆုံး
စိတ်​ကို​ လျော့​နေခဲ့ခြင်းဖြစ်​သည်​။ သို့​သော်​ အထင်
နှင့်​အမြင်​လွဲစွာပင်​ ဒင်း​လေးတို့က အိပ်​ငိုက်​​နေကြ
သည်​တဲ့...။

တစ်​​နေကုန်​ လည်​ပတ်​ထား​သော အရှိန်​​ကြောင့်
ထင်​ နှစ်​​ကောင်​လုံးနှစ်​ခြိုက်​စွာ အိပ်​​ပျော်​​နေကြ
ကာ ​ခေါင်း​​အချင်း​ချင်းပင်​ တိုက်​မိ​ကုန်​ကြသည့်​တိုင်
မနိုးလာကြ။ ​ဒီ​ရေလှိုင်း တစ်​​ယောက်​ထဲသာ...
အရူးထကာ ​တွေးပူမိခြင်းဖြစ်​မည်​။

"​သောက်​က​လေး​တွေ.."

ဒီ​ရေလှိုင်း ခပ်​တိုးတိုး​ရေရွတ်​ယုံ​ပြောလိုက်​ပြီး
တစ်​ဆက်​တည်းတွင်​ပင်​ ​ကား​ကို အရှိန်​​လျော့ကာ
မောင်းလိုက်​သည်​။ အချိန်​တစ်​ခဏကြာပြီး​နောက်
GS group ပိုင်​​သော အ​ဆောက်​အဦး ​ရှေ့တွင်
ကားကို ရပ်​လိုက်​သည်​။

ဖုန်းနံပါတ်​တစ်​ခုဆီသို့ message တစ်​​စောင်
ပို့လိုက်​သည်​။ ပြီးသည်​နှင့်​ ကားတံခါး​ဘောင်​တွင်
လက်​တင်​ရင်း ​စောင့်​​နေလိုက်​သည်​။ မိနစ်​အနည်း
ငယ်​အတွင်းပင်​ GS group ၏ ကြီးကျယ်​ခမ်း
နား​သော ဒုဥက္ကဌသည်​ ​ခြေလှမ်းကျယ်​များဖြင့်​..
ရပ်​ထား​သော ဒီ​ရေလှိုင်း၏ ကားနားသို့​လျောက်
လာ​လေသည်​။

Clover your'e my clover[Completed]Where stories live. Discover now