Part-88 (စတင်ခ့ဲလေသော)

14.3K 1.8K 114
                                    

(Zawgyi)🍀🍀🍀

(စတင်ခဲ့လေသော)

Part-88
(ကိုယ်..ချစ်သော clover..!!..)

ဟင်းပွဲစုံစုံလင်လင်ပြင်ထားသော စားပွဲတစ်ခုတွင်
လူသုံးယောက်သည် တိတ်ဆိတ်စွာစားသောက်
ခြင်းကိုပြုနေကြသည်။ သက်လတ်ပိုင်းအမျိုးသား
နှစ်ယောက်နှင့်အမျိုးသမီးငယ်တစ်ယောက်ဖြစ်ပြီး
အမျိုးသားကြီးနှစ်ယောက်က ဆင်တူသောမျက်နှာ
ရှိသည်။

တိတ်ဆိတ်နေသော ထမင်းစားပွဲက တစ်ချက်တစ်
ချက် ထွက်ပေါ်လာသော ဇွန်းသံခွက်သံများကိုသာ
ကြားရသည်။ ဦးသော်ထက်က သူ့အစ်ကိုနှင့်တူမဖြစ် သူ၏အရိပ်အခြေကိုအကဲခတ်ကာနေ၏။

"မိုင်း.. သမီးရင့်ကို ဟင်းထည့်ပေးလိုက်ဦးလေ..
အရွက်သုပ်လေးက စားလို့ကောင်းတယ်။ သမီးရင့်
ကြိုက်မှာသေချာတယ်.."

မိုင်းက ဦးသော်ထက်စကားကိုဘာမှမပြောသော်
လည်း အရွက်သုပ်အနည်းငယ်ကိုယူကာ အနီရင့်
ပန်းကန်ထဲထည့် ပေးလိုက်သည်။

"မင်းလဲ ကြိုက်တယ်မလား မင်းကြိုက်တဲ့ဟင်း
တွေလျောက်ပြောနေတာ.."

မိုင်းက အပြောနှင့်အတူအရွက်သုပ်ပန်းကန်ကို
သူ့ညီဖြစ်သူဦးသော်ထက်ဘက်တိုးပေးသည်။

"ဘာလို့တို့တိ တို့တိလုပ်နေတာလဲ အစားကို
သေချာစားစမ်း နိုင်း.."

နေရာတကာစိတ်ပူတတ်သော ရုပ်တူအစ်ကိုဆီမှ
အဆူခံရသောကြောင့် နိုင်း မကျေမနပ်ဖြစ်သွား
ရသည်။ ကလေးရှေ့တွင် ထပ်မပြောရန်မျက်နှာ
ရိပ်မျက်နှာကဲပြနေသော်လည်း ထိုသူကမသိဟန်
ဆောင်နေသည်။

"ဘာလုပ်နေတာလဲ ထမင်းစားလေ"

"ငါသိပါတယ်"

နိုင်း..သူ့အစ်ကိုကိုလစ်လျူရှုကာ အနီရင့်ကိုသာ
ဂရုစိုက်ပေးရန်လုပ်လိုက်သည်။ သူမလေးမျက်နှာ
မငယ်ရအောင် ဟင်းတစ်မျိုးပြီးတစ်မျိုးခပ်ထည့်ပေး
နေလိုက်သည်။

"ဦးလေး ကျေးဇူးတင်ပါတယ်"

အနီရင့်က ညင်သာသောအပြုံးမျိုးဖြင့် ဦးသော်ထက်
ကို ကြင်နာမှုအတွက်ကျေးဇူးတင်ကြောင်းပြောလာပြီး
သူမမျက်ဝန်းများတွင်လည်း ကြင်နာမှုအတွက်ကျေးဇူး
တင်ကြောင်းအထင်းသားပေါ်နေသည်။

Clover your'e my clover[Completed]Where stories live. Discover now