Part-86(မြတ်နိုးရာလေး)

17.2K 1.8K 167
                                    

(Zawgyi)🍀🍀🍀🍀

(မြတ်နိုးရာလေး)

Part-86
(ကိုယ်..ချစ်သော clover..!!..)

သစ်မိုးအိမ်က ရွက်စိမ်း၏မျက်လုံးလေးများထဲကို
စိုက်ကြည့်လိုက်သည်။ သေးငယ်သော အပြုအမူ
လေးတစ်ခုကိုပင် မလွတ်ချင်သောသူတစ်ယောက်
လိုပင်ဖြစ်၏။ သစ်မိုးအိမ် ထပ်ပြောလိုက်သည်။

"Clover က ခွင့်ပြုပေးမယ်မလားဟင်"

သစ်မိုးအိမ်က တောင်းဆိုသလိုပြောလိုက်ပြီး သူ၏
မျက်နှာချောချောကို ရွက်စိမ်း၏ပုခုံးကျဉ်းကျဉ်းလေး
တွင်ဖွက်လိုက်သည်။ တိုးဝှေ့ကာ ပွတ်သီးပွတ်သပ်
ဖြင့် လိမ္မာသောသားရဲကြီးလိုချွဲနေတော့သည်။

"ကိုကိုက ကိုကို့ကောင်လေးကိုချစ်တယ်နော်"

လိမ္မာသော သားရဲကြီးကသူ့ခံစားချက်များကို ဖွင့်ဟ
ရန်လည်းမမေ့။ သူဆိုသည်က စက္ကန့်မလပ်အချိန်တိုင်း
သာ ကောင်လေးကိုချစ်မြတ်နိုးကြောင်းပြောချင်နေသူ
ဖြစ်သောကြောင့်ပင်ဖြစ်သည်။

သစ်မိုးအိမ် သူ့လက်မောင်းများကြားရှိကောင်လေး
၏ နို့နံ့သင်းသင်းလေးကိုရှူရှိုက်ရင်း ကိုယ်လုံးသေး
သေးလေးကို ပိုတိုးကာဖက်ထားလိုက်မိသည်။

"မြတ်နိုးရာလေး.."

သစ်မိုးအိမ် နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာရေရွတ်လိုက်
ရင်း နဖူးပြင်ပြေပြေပေါ်သို့ နှုတ်ခမ်းအစုံထိကပ်
လိုက်သည်။ ဘာလုပ်ရမှန်း မသိဖြစ်နေသော သူ
မြတ်နိုးရသည့်လူသားလေး၏ ပုံစံလေးက အူကြောင်
ကြောင်လေးဖြစ်ကာ ချစ်စရာကောင်းသည်။

သူက ရွက်စိမ်းနှင့်ပတ်သတ်လျှင် ပိုင်စိုးလိုစိတ်များ
သောနတ်ဆိုးတစ်ကောင်ဖြစ်သော်လည်း ထိုစိတ်
ဆန္ဒများသည် သူ၏မြတ်နိုးရာလေး၏ မျက်ခုံးလေး
တစ်ချက်တွန့်ကွေးသွားသလောက်ပင် အရေးမပါ
ပေ။

သစ်မိုးအိမ် ရွက်စိမ်းအပေါ်မှအုပ်မိုးထားသည်ကို
ဖယ်ပေးရန်လုပ်လိုက်သည်။ သို့သော် သူ၏လည်
ပင်းတွင်တွယ်ချိတ်ထားပါသော လက်ကလေးက
တင်းကြပ်သွားကာ မလွှတ်ပေးဘဲ သိုင်းဖက်လာ
သည်။

Clover your'e my clover[Completed]Where stories live. Discover now