Part-67(ဝံပုလွေလေးရယ်..အစ်ကိုကြီးရယ်..အသားယူလွန်းသော ကိုကိုရယ်)❤💙🖤

18.7K 2K 131
                                    

(Zawgyi)🍀🍀🍀🍀

Part-67
(ကိုယ်..ချစ်သော clover..!!..)

"အ့.."

"ဝမ်ဟိုင်.. နာသွားသေးလား ဘယ်လိုဖြစ်ရတာလဲ
ကလေးကျနေတာဘဲ ချော်လဲရတယ်လို့.."

လင်းနေ၏ စကားသံက ဆက်တိုက်ထွက်လာသည်။
ချော်လဲကျသူမှာ ဝမ်ဟိုင်ဖြစ်သော်လည်း နာကျင်စွာ
အော်သံကတော့ လင်းနေဆီမှဖြစ်သည်။ လင်းနေ..
ကောင်မလေးနှင့်သွားတွေ့ရန်အထွက် ဝမ်ဟိုင်နှင့်..
ဝင်တိုက်မိခြင်း။

ကောင်လေးဝမ်ဟိုင်က ငါးဖမ်းသမားလိုလို ရေကူး
ချန်ပီယံလိုလိုဖြင့် အပီအပြင်ဒိုင်ပင်ထိုးလာသော..
ကြောင့် အခု..လင်းနေက ကြမ်းပြင်ပေါ်တွင်..
လဲလျောင်းနေရပြီး ဝမ်ဟိုင်က လင်းနေအပေါ်တွင်
ဖိထားသော အနေအထားဖြင့် ဖြစ်သည်။

ကြမ်းပြင်နှင့်ရိုက်မိသော လင်းနေနောက်ကျောမှာ
နာကျင်နေရသလို ဘာနှင့်ခိုက်မိလိုက်မှန်းမသိ
သောနှုတ်ခမ်းမှာလည်း စပ်ဖျင်းဖျင်း..။ ဝမ်ဟိုင်
ကတော့ မျက်နှာငယ်လေးဖြင့် သူ့ကိုကြည့်လာပြီး
တအိအိပြိုဆင်းလာသော မိုးလို ငိုတော့သည်။

သူများ..အသံမာသွားမိလို့လား..။

"အာ.. မငိုရဘူးလေ..။ ကိုယ်မှားတာပါ.. ဝမ်ဟိုင်
လေးက ချော်လဲချင်လို့မှ မဟုတ်တာ။ လိမ္မာတယ်..
မငိုနဲ့တော့.."

လင်းနေ ပြောလိုက်တော့ ဝမ်ဟိုင်က လင်းနေ၏
ပုခုံးနှင့်လည်ပင်းနေရာစပ်ကြားကို ခေါင်းအတင်း
တိုးဝင်ကာ ပိုတိုးကာငိုလာသည်။

"အဟင့်.. ဟုတ် ဟုတ်တယ်။ ကျွန်တော်က ချော်
လဲချင်လို့မှမဟုတ်တာကို အီးဟီးဟီးးး.."

"ဟုတ်တယ် ဟုတ်တာပေါ့ ကိုယ်သိတာမို့ မငိုနဲ့
တော့နော်.."

လင်းနေမှာ ကြမ်းပြင်ပေါ်မှ ယခုထိတိုင် မထရ
သေး။ သူ့ကိုမျက်ရည်ချောင်းထဲမျောပါစေတော့
မတတ် အော်ငိုနေသော ကိုယ်တော်လေး ဝမ်ဟိုင်
ကို အရင်ချော့ရသည်။ အခုက ကုမ္ပဏီ၏ ရုံးခန်း
ထဲတွင်ဖြစ်သောကြောင့်သာ တော်တော့သည်။
အခုအချိန်သာ တစ်ယောက်ယောက်ဝင်လာပါက
မန်နေးဂျင်းဒါရိုက်တာဦးလင်းနေက ကြုံရာကြမ်းပြင်
ပေါ် အိပ်တတ်သော ဝါသနာထူးရှိသည်ဟုထင်ကြ
မှာမလွဲဧကန်ပင်။

Clover your'e my clover[Completed]Where stories live. Discover now