Part-26

24.3K 2.6K 265
                                    

(Zawgyi)🍀🍀🍀🍀

Part-26
(ကိုယ်​...ချစ်​​သော clover..!!..)

သာမန်​ရပ်​ကွက်​​လေးထဲရှိ ခြံဝန်းငယ်​​လေးတွင်​...

မျက်​နှာ​ပေါ်တွင်​အ​ရေး​ကြောင်း အနည်းငယ်​ရှိ
သော်​လည်း ကြည့်​​ကောင်း​နေဆဲဖြစ်​​သော...
အမျိုးသမီးကြီးတစ်​ဦးသည်​ သူမ​ရှေ့တွင်​ရပ်​..
နေ​သော အရပ်​ရှည်​ရှည်​ပိန်​ပိန်​ပါးပါးနှင့်​ လူငယ်
လေးကို မျက်​ရည်​များ​ဝေ့​နေ​သော သူမ၏...
မျက်​ဝန်းများဖြင့်​မယုံကြည်​နိုင်​စွာကြည့်​​နေသည်​။

အ​စောပိုင်းတွင်​ ​အမျိုးသမီးကြီးနှင့်​​တွေ့ပါက....
တင်းကြပ်​စွာ​ပွေ့ ဖက်​ပြစ်​မည်။ ​​မေ​မေဟု ​ခေါ်ပြစ်
မည်​ဟု ​ကြွေး​ကြော်​ထား​သော လင်း​နေဆိုသည့်
လူငယ်​​လေးသည်​လည်း လက်​​တွေ့တွင်​မူ ​နေရာ
တွင်​ ​တောင့်​တင်းစွာ ရပ်​​နေသည်​မှာ သက်​ရှိ
ကျောက်​​တောင်​ကြီးလိုပင်​...။

အမျိုးသမီးကြီး၏ လက်​တစ်​ဖက်​သည်
အနည်းငယ်​​မြောက်​တက်​လာကာ လင်း​နေ
၏ ပါးတစ်​ဖက်​ကို ထိကိုင်​လာသည်​...။

"အာ..အာလူး​လေးလား။ တ တကယ်​ဘဲ
မေ​မေ့ အာလူး​လေးလား..."

လင်း​နေ ​ခေါင်းကိုအဆက်​မပြတ်​ ငြိမ့်​​နေမိသည်​။
သူ့လိုအရွယ်​​ရောက်​​နေပြီဖြစ်​​သော ဆယ်​​ကျော်
သက်​​ကောင်​​လေးအတွက်​ အမျိုးသမီးကြီး​ခေါ်
သော နာမည်​​လေးသည်​ ရီစရာ​ကောင်း​နေ​သော်
လည်း လင်း​နေက​တော့ ထို​ခေါ်သံ​လေးကို....
ထပ်​ခါထပ်​ခါ ကြားချင်​​နေမိသည်​..။

"​နောက်​တစ်​​ခေါက်​​လောက်​ ​​ထပ်​​ခေါ်​ပေးလို့
ရမလားဟင်​.. သား ​မေ​မေ့အသံကိုအရမ်းလွမ်း
နေခဲ့တာ..."

အမျိုးသမီးကြီးသည်​ သူမ၏မျက်​ဝန်း​ထောင့်​မှ
စိုစွတ်​လာမှုကို သတိထားမိသည်​ထင်​ မျက်​​တောင်
များခတ်​ကာစိုစွတ်​မှုကို ရုတ်​သိမ်း​စေလိုက်​သည်​..။
ပြီးမှ လင်း​နေကိုကြည့်​ကာပြုံးရင်း...

"​မေ​မေ့ အာလူး​လေး...."

ချိုမြ​သော အသံသည်​ ​မှော်​ဝင်​ပစ္စည်းတစ်​ခုခု
ရောစပ်​ထားသည့်​အလား လင်း​နေကို ​နွေး​ထွေး
စေသည်​။ လင်း​နေ ​​ရှေ့မှအမျိုးသမီးကြီးကို...
တင်းကြပ်​စွာ ​ပွေ့ဖက်​ပြစ်​လိုက်​သည်​..။

Clover your'e my clover[Completed]Where stories live. Discover now