Part-13

29K 2.9K 142
                                    

(Zawgyi)🍀🍀🍀🍀

Part-13
(ကိုယ်​... ချစ်​​သော clover..!!..)

ဘောပင်​ ကိုင်​ထား​သော လက်​တစ်​ဖက်​က
စာရွက်​ဖြူ​ပေါ်တွင်​ ခပ်​မှန်​မှန်​​ရွေ့လျား​နေ​ကာ
ညီညာ​သေသပ်​​သော စာလုံးလှလှများကို...
ဖန်​တီး​နေသည်​...။

အတန်း​ရှေ့မှ ဆရာမ စာရှင်းပြ​နေသည်​ကို
အာရုံစိုက်​ကာ နား​ထောင်​​နေ​သော သူက
ခမ်းနားထည်​ဝါ​သော ခံစားချက်​ကို ​ပေးစွမ်း
နေသည်​...။

အနီရင့်​ ၏ အာရုံသည်​ သစ်​မိုးအိမ်​ ဆို​သော
သူဆီသာ မကြာခဏ ​ရောက်​​ရောက်​​နေရသည်​။

အနီရင့်​ ဆို​သော သူမက မိန်းက​လေး တန်း
၏ ​ထောင့်​စွန်းတွင်​ ထိုင်​​ခြင်းဖြစ်​​သော​ကြောင့်
သစ်​မိုးအိမ်​ နှင့်​ ​ဘေးခြင်းကပ်​ ထိုင်​​နေသလိုပင်​။
ဤသည်​ကပင်​ အနီရင့်​ကို ပိုစိတ်​လှုပ်​ရှား​စေ
သည်​...။

မာနကြီးပုံရ​သော ထိုသူက အနီရင့်​ကို...
အကြည့်​​လေး တစ်​ချက်​ပင်​မ​ပေး။ အမှန်​အတိုင်း
ပြောရရင်​ ဘယ်​သူ့ကိုမှ အာရုံမစိုက်​ဘဲ သီးသန့်
ဆန်​စွာ ​နေ​နေခြင်းဆို ပိုမှန်​မည်​...။

အနီရင့်​ ၏ တစ်​​နေ့တာသည်​ ထိုသူကို...
ကြည့်​​နေခြင်းဖြင့်​ပင်​ ကုန်​ဆုံးသွားရသည်​။
ထိုသူက​တော့ ​ကျောင်းဆင်းဘဲလ်​တီးသံ
ကြားသည်​နှင့်​ ပစ္စည်းများကို သိမ်းကာ...
အခန်းတွင်းမှ ထွက်​သွား​လေပြီ...။

သစ်​မိုးအိမ်​ ဆို​သော ထိုသူ မိမိတည်​ရှိမှုကို
သိ​​အောင်​ ကြိုးစားရန်​ အနီရင့်​ ဆုံးဖြတ်​လိုက်
သည်​။ အနီရင့်​ ပစ္စည်းများကို မြန်​မြန်​သိမ်းကာ..
သစ်​မိုးအိမ်​ ​နောက်​သို့ လုပ်​လိုက်​သည်​..။

~ဒုန်း..!!..~

စာ​ရေးစားပွဲကို ဒုန်းကနဲ​နေ​အောင်​ လက်​သီးဖြင့်
ထိုးလိုက်​​သော ဒီ​ရေလှိုင်း​ကြောင့်​ အခန်းထဲတွင်
အနည်းငယ်​သာ ကျန်​​တော့​သော ​ကျောင်းသား
လေးများသည်​ ပစ္စည်းများ အမြန်​သိမ်းကာ...
ထွက်​သွားကြ​လေသည်​...။

ဒီ​ရေလှိုင်း ဆို​သော ​ကျောင်း၏လူဆိုး​လေး
ကို အားလုံး ​ကြောက်​ကြသည်​​လေ..။

Clover your'e my clover[Completed]Where stories live. Discover now