Part-28

23.6K 2.5K 266
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-28
(ကိုယ်​...ချစ်​​သော clover..!!..)

"ထပ်​မံ စိန်​​ခေါ်ချင်​တဲ့သူ ရှိပါသလား..."

မိုက်​ခရိုဖုန်းမှတစ်​ဆင့်​ ​ကြော်​ငြာလိုက်​​သော....
စီစဉ်​တင်​ဆက်​သူ၏အသံသည်​ စိတ်​ဝင်​စားမှု
အပြည့်​ဖြင့်​ ​ပေါ်ထွက်​လာသည်​နှင့်​အပြိုင်​....
ထို​နေရာမှတာဝန်​ရှိသူအချို့ကလည်​...
သွေးအိုင်​ထဲတွင်​အသက်​မဲ့​နေ​သော သူကို
စင်​မြင့်​ပေါ်မှဆွဲထုတ်​သွားသည်​...။

ကျန်​​နေခဲ့​သော ​သွေးစီး​ကြောင်းကို​တော့...
အခြားသူများကိုအ​နှောင့်​အယှက်​ မဖြစ်​​စေ
ချင်​သည့်​အလား လျင်​မြန်​စွာ သန့်​ရှင်း​ရေး..
လုပ်​သွားသည်​။ မျက်​စိတမှိတ်​အတွင်းမှာပင်
လေထုထဲတွင်​ ​သွေးညှီနံ့အစား ရနံ့​မွှေး​မွှေး
တစ်​ချို့က ပျံ့လွင့်​လာသည်​...။

အားလုံးသည်​ ဖန်​လုံအိမ်​တစ်​ခုလိုတည်
ဆောက်​ထား​သော စင်​မြင့်​​ပေါ်တွင်​ ​ဖြောင့်
မတ်​စွာရပ်​​နေ​သေး​သော လူငယ်​​လေးကို
ကြည့်​လိုက်​ကြသည်​။

လူငယ်​​လေးသည်​ စိတ်​ဝင်​စားစရာ..
ကောင်းသည်​။ တစ်​ချိန်​တည်းတွင်​ပင်
ကြောက်​စရာ​ကောင်းသည်​။ အ​စောက
ဆွဲထုတ်​သွား​သော အသက်​မဲ့ကိုယ်​ကို
ထည့်​တွက်​ပါက ထိုလူငယ်​​လေး၏...
ဓား​အောက်​တွင်​ အသက်​​ပျောက်​သွား
သူမှာ ၁၀ ​ယောက်​​မြောက်​...။

ထို ၁၀​ယောက်​လုံး၏ တိုက်​ခိုက်​​ရေး
ပညာမှာ အချို့​သော ဂိုဏ်းဆက်​ခံသူ​တွေ
နဲ့ပင်​ လက်​ရည်​ညီသည်​။ သို့​သော်​ ထိုသူ
များသည်​ ယခုစင်​​ပေါ်တွင်​ ရပ်​​နေ​သော
လူငယ်​၏ မျက်​စိတစ်​မှိတ်​အတွင်း သတ်​ဖြတ်
ခြင်းကို ခံလိုက်​ရသည်​..။

အချို့​သော ဂိုဏ်းများ၏ ဆက်​ခံသူများသည်
ကြောက်​လန့်​ခြင်းကို စတင်​ခံစားလာရသည်​။
အ​ကြောင်းမှာ ယခုကျင်းပ​နေ​သော နတ်​ဆိုးသတ်
ပွဲ၏အထင်​ကရစည်းမျဉ်းတစ်​ခု​ကြောင့်​ပင်​..။

နတ်​ဆိုးသတ်​ပွဲတွင်​အနိုင်​ရသူသည်​..။
သူကြိုက်​နှစ်​သက်​ရာ ဂိုဏ်းတစ်​ခုကို​ရွေး
ကာ ဆက်​ခံသူအဖြစ်​ ​တောင်းဆိုပိုင်​ခွင့်​ရှိ
သည်​။ ထိုသူ​ရွေးချယ်​​သော ဂိုဏ်းတွင်
ဆက်​ခံသူရှိ​နေပါက ဆက်​ခံသူသည်​ အနိုင်​ရသူ
နှင့်​ယှဉ်​ပြိုင်​တိုက်​ရလိမ့်​မည်​။ ​ပေးဆပ်​ရမည်​က
အသက်​တစ်​​ချောင်းဖြစ်​ကာ ​နောက်​ဆုံးရှင်​ကျန်
သူသာလျှင်​ ဆက်​ခံသူအဖြစ်​ သတ်​မှတ်​ခံရလိမ့်
မည်​..။

Clover your'e my clover[Completed]Where stories live. Discover now