Part-95(ချိုမြိန်သော အခိုက်အတန့်များ)

16.7K 1.6K 55
                                    

(This part contains some mature content. Don't read under 18)*

(Zawgyi)🍀🍀🍀🍀


Part-95
(ကိုယ်..ချစ်သော clover..!!..)

အရှိန်မှန်မှန်ဖြင့်သွားနေသော ခရီးသွား express
ကားပေါ်တွင် ခရီးသည်များ၏စကားပြောသံများထွက်
ပေါ်နေသည်။ မြို့တော် Y မှလွန်လာသောအခါ
မြင်ကွင်းများပြောင်းသွားတော့သည်။

တိုက်တာအဆောက်အဦးများနေရာတွင် စိမ်းစိုသော
ကွင်းကျယ်ကျယ်များ..သစ်ပင်များ..အိမ်ခြေများနှင့်..
မိုင်တိုင်အမှတ်အသားများက နေရာယူလာသည်။
အခုမှ နှစ်ယောက်ထဲခရီးရှည်ထွက်လာသော လူငယ်
လေးနှစ်ယောက်အတွက်တော့ စူးစမ်းစရာများက
ပြည့်နေသည်။

ခရီးထွက်ရသော ခံစားချက်က ကောင်းမွန်ကာ
လွတ်လပ်ပြီးစိတ်လှုပ်ရှားစရာအပြည့်ပင်..။ ရွက်စိမ်း
နှင့်တိမ်ငယ်သည် အခုချိန်အထိမယုံနိုင်သေးသလို
စိတ်လှုပ်ရှားမှုများလည်းမလျော့သေးသည်။ နာရီ
အနည်းငယ်ကြာအောင် ဘေးဘက်ရှုခင်းများကို
ကြည့်ပြီးမှသာ နှစ်ယောက်သားစိတ်ငြိမ်သွားကြ၏။
သူတို့တစ်ကယ်ပင် ခရီးထွက်လာခြင်းပင်..။

ထိုအခါမှ ခရီးသွားခြင်း၏အနစ်သာရကို ခံစားရန်ပြင်
ကြသည်။ စကားစမြည်ပြောသည်။ ခရီးစဉ်အကြောင်း
ဆွေးနွေးသည်။ ပါလာသောမုန့်များကိုစားသည်။ နှစ်
ယောက်သား ခေါင်းချင်းဆိုင်အောင်အိပ်ငိုက်သည်။
ဤသို့ဖြင့် နှစ်ဦးသား၏အချိန်များမှာသာယာနေတော့ ၏။

တစ်ဖက်တွင်တော့ နှစ်ဖက်လူကြီးများသည်..
အသေးနှစ်ကောင်ကို အံတကြိတ်ကြတ်ဖြစ်နေရ
သည်။လင်းနေက C နိုင်ငံကိုသွားသောကြောင့်
ဒီရေလှိုင်းကသာ အန်တီဒေါ်သက်မေကိုနှစ်သိမ့်
ပေးနေရပြီးဦးလင်းမောင်နှင့်ဦးထက်နောင်ကတော့
စကားစမြည်ပြောရင်း သက်ပြင်းတစ်ချချဖြစ်နေသည်။

ဦးထက်နောင်..သူ၏သားကြီးကိုမည်သို့ပြောရမည်ကို
ခေါင်းခဲနေရသည်။ သူ၏အဖြစ်သည်းသော သားကြီး
သာသိပါက မိုးမီးလောင်မည်က မလွဲပင်။ သားကြီးက
မပြီးပြတ်သေးသောအလုပ်လေးတစ်ချို့ပေါ်လာသော
ကြောင့် ပြန်လာမည့်ရက်ထက် ရက်အနည်းငယ်နောက်
ကျပြီးမှ ပြန်ရောက်မည်ဖြစ်သည်။

Clover your'e my clover[Completed]Where stories live. Discover now