Part-2

52.1K 4.3K 518
                                    

(Zawgyi)🍀🍀🍀🍀

Part-2
(ကိုယ်​..ချစ်​​သော clover...!!..)

ရွက်စိမ်း..နီနီရဲရဲလက်ချောင်း ထိပ်လေးများ
သာပေါ်တော့သော ဆွယ်တာအင်္ကျီ တစ်ထည်
နှင့် ဘောင်းဘီ အဖြူရောင်လေး ကိုဝတ်ဆင်
လိုက်သည်...။

ပါးပြင်နှစ်ဖက်တွင် သွေးကြောစိမ်းစိမ်းလေးများ
မြင်နိုင်သည်အထိ နဂိုအသားအရည်ကောင်း
သော ရွက်စိမ်း က ထွေထူးကာ ပြင်ဆင်စရာ..
မလို... ဆံပင်ပျော့ပျော့လေး ကို လက်ချောင်း
များနှင့် အနည်းငယ် သပ်ကာ ပုံသွင်းလိုက်သည်
နှင့် အဆင်သင့် ဖြစ်သွားပြီ ဖြစ်သည်...။

ပြီးသည်နှင့် ကျောပိုးအိတ် အနက်လေးကို...
ယူကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်...။

အောက်ထပ် လှေကားနားတွင် အဆင်သင့်
စောင့်နေသော လေးလေးကောင်း..။ ရွက်စိမ်း..
လေးလေးကောင်း ကို ပါးချိုင့်လေး ထင်းထင်း
ပေါ်အောင် ပြုံးပြလိုက်သည်..။

"လေးလေးကောင်း..."

"ရွက်စိမ်း လေး ဒီမှာ သခင်လေးအတွက်...
ထမင်းဗူး..။ အိမ်က ကားနဲ့သွားနော်...၊
လေးလေးကောင်း.. မောင်ထွန်း ကို...
ဖုန်းဆက်ထားတယ်..။ တစ်ခဏနေ ရောက်
လာလိမ့်မယ်..."

မောင်ထွန်း ဆိုသည်မှာ ရွက်စိမ်း တို့အိမ်၏...
ကားမောင်းသမား ဖြစ်သည်..။ ရွက်စိမ်း...
လေးလေးကောင်း လက်ထဲမှ ထမင်းဗူးလေး..
ကို ယူလိုက်ရင်း ပြောလိုက်သည်...။

"ရွက်စိမ်း Taxi နဲ့ဘဲ သွားလိုက်တော့မယ်လေ..
လေးလေးကောင်း..နော်..။ ကိုကို ဗိုက်ဆာနေမှာ
စိုးလို့ပါ..."

ဦးကောင်း စိတ်မချသော်လည်း...
အတင်းတောင်းဆိုနေသော ရွက်စိမ်းလေး
ကြောင့် ခွင့်ပြုလိုက်ရသည်...။

"အင်းပါ..ရွက်စိမ်းလေး သဘော..."

ရွက်စိမ်း..ခွင့်ပြုချက်ရသည်နှင့်
လေးလေးကောင်း ပြင်ပေးထားသော...
ထမင်းဗူးလေး ပိုက်ကာ ထွက်လာလိုက်
သည်...။ ရွက်စိမ်း ၏ ဦးတည်ရာက...
ကိုကိုသစ်မိုးအိမ် ရှိရာ GS Group သို့
ပင် ဖြစ်သည်...။

___________

"ကိုသစ် ကို... ရင့် သနားလိုက်တာ...
ကိုသစ် အရမ်းမုန်းတဲ့ သူမျက်နှာကို...
နေ့တိုင်း မြင်နေရတာ အရမ်း ပင်ပန်း..
မှာဘဲ..."

Clover your'e my clover[Completed]Where stories live. Discover now