Part-38

22.7K 2.5K 92
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-30
(ကိုယ်​...ချစ်​​သော clover..!!..)

ဒီ​ရေလှိုင်း ​ရေချိုးပြီး​​သောအခါ ​ရေချိုးခန်းသုံး...
တပတ်​တစ်​ထည်​ကိုပတ်​၍ ကိုယ်​အ​ပေါ်ပိုင်း...
ဗလာဖြင့်​ပင်​ ပြန်​ထွက်​လာလိုက်​သည်​။ စို​နေ​သော
ဆံပင်​များကို တပတ်​တစ်​ထည်​ဖြင့်​ ဖြစ်​သလိုသုတ်
လိုက်​သည်​။

အိပ်​ရာ​ဘေး တင်​ထား​သော ဖုန်းဆီမှအသံမြည်​လာ
သော​ကြောင့်​ ​ခေါင်းသုတ်​​နေ​သော တပတ်​ကိုအနီး
ရှိခုံ​ပေါ်တွင်​ ပြစ်​တင်​လိုက်​ရင်း ဖုန်းကိုင်​ရန်​အတွက်
ကုတင်​နားသို့​ ​လျောက်​လာလိုက်​သည်​..။

ဖုန်းစခရင်​​ပေါ်တွင်​​တော့ အနီရင့်​ ဟူ​သောအမည်
က လှပစွာ​နေရာယူထားသည်​။ ဖုန်းကို လှမ်းယူ
လိုက်​ရင်း ဒီ​ရေလှိုင်း ကျစ်​ကနဲ​နေ​အောင်​ စုတ်​သပ်
လိုက်​မိသည်​။ ဒီ​ရေလှိုင်း အနီရင့်​ကိုအမှန်​တကယ်​ ​မေ့သွားခဲ့ခြင်း။ ကုတင်​​ပေါ်တွင်​ ​ကွေး​ကွေး​လေး
အိပ်​​နေ​သော တိမ်​ငယ်​ကို မျက်​​မှောင်​ကြုတ်​ကာ
လှမ်းကြည့်​လိုက်​သည်​။

ထိုခရမ်းချဉ်​သီး​ကြောင့်​သာမဟုတ်​ပါက ဒီ​ရေလှိုင်း
သည်​ အနီရင့်​နှင့်​တူတူ ​ပျော်​စရာအချိန်​များကို
ပိုင်​ဆိုင်​​နေ​လောက်​သည်​။ ဒီ​ရေလှိုင်း ဖုန်းကိုင်
လိုက်​သည်​....

"ရင့်​..."

"လှိုင်း အဆင်​​ပြေရဲ့လား ​မေးချင်​လို့ ဖုန်းဆက်
လိုက်​တာပါ။ ရင့်​က လှိုင်းကိုစိတ်​ပူ​နေတာ..လှိုင်း
ဒီ​လောက်​ အ​လောတကြီးဖြစ်​တာမျိုး ရင့်​ တစ်​ခါမှ
မမြင်​ဖူးဘူး..."

"Sorry ရင့်​..။ ကိုယ့်​ အပြုအမူက ရင့်​ အ​ပေါ်
ရိုင်းပြသလို ဖြစ်​သွားတယ်​။ ပြီး​တော့ ကိုယ်​...
အဆင်​​ပြေပါတယ်​ ​မေးတဲ့အတွက်​ ​ကျေးဇူးတင်
ပါတယ်​ ရင့်​..။ ကိုယ်​ တစ်​ကယ်​ကြီး ရင့်​ကို​မေ့
သွားတာ ​တော်​​သေးတာ​ပေါ့ ရင့်​က နားလည်​​ပေး
လို့..."

ဒီ​ရေလှိုင်းက​တော့ သူ့ပုံစံအတိုင်း စကားကို
ကွေ့ဝိုက်​မ​နေဘဲ အမှန်​တိုင်း​ပြောလိုက်​ခြင်း
ဖြစ်​သည်​။ တစ်​ဖက်​မှ အနီရင့်​က​တော့ အခံရ
ခက်​စွာပင်​ ​အောက်​နှုတ်​ခမ်းကို ဖိကိုက်​လိုက်​မိ
သည်​။ ​​ခါးသီးမှုများကို မြိုသိပ်​ထားလိုက်​သည်​။

Clover your'e my clover[Completed]Where stories live. Discover now