Part-12

28.9K 2.9K 113
                                    

(Zawgyi)🍀🍀🍀🍀

Part-12
(ကိုယ်​... ချစ်​​သော clover..!!..)

ဦးထက်​​နောင်​ အဖြူ​ရောင်​ ​ကျောင်း​တော်​ကြီး
ရှိရာ ​လမ်းချိုး​လေးဘက်​သို့ ကားကို ချိုးဝင်
လိုက်​သည်​...။

မနက်​အ​စောပိုင်းက ဇွန်​လ၏ မိုးအနည်းငယ်​..
ရွာထား​သော​ကြောင့်​ မိုးနံ့သင်းသင်းက ရ​နေ
သည်​..။ ​ကျောင်းလမ်း တစ်​ဘက်​ဆီတွင်
ခ​ရေပန်းပင်​များ စီတန်းကာ စိုက်​ထားသည်​...။

မိုးရွာစဉ်​က ခပ်​ဖြည်းဖြည်း တိုး​ဝှေ့သွား​သော
လေညှင်း​ကြောင့်​ ခ​ရေပန်း​လေးများသည်
မိုးနံ့သင်း​နေ​သော ​မြေပြင်​​ပေါ်တွင်​ ပျံ့ ကျဲ
ကာ ​နေရာယူထားသည်​...။

ကျောင်းအဝင်းဝတွင်​ သ​ပြေခြံကြီး တစ်​ခုရှိကာ
စနစ်​တကျ စီတန်းကာ စိုက်​ပျိုးထားသည်​..။
အရွက်​ထိပ်​နား​လေးတွင်​ သန္တာ​ရောင်​​လေး
သန်း​နေ​သော သ​ပြေပင်​များက အ​တော်​ပင်
လှပကာ ဘုရားပန်း တင်​ရာတွင်​ ပြန်​သုံး​လေ့
ရှိသည်​...။

ကျောင်းဝင်​ဝတွင်​ တာဝန်​ကျ ဆရာမ နှစ်​ဦးက
ရပ်​​နေကာ က​လေးများကို ဖြည်းဖြည်းသွားရန်
သတိ​ပေးစကား ​ပြော​နေသည်​...။

အဖြူအစိမ်းနှင့်​ ကျောင်းသားပုစိ​လေးများက...
မျက်​စိပနံသင့်​လွန်းသည်​..။ တစ်​ခါမြင်​ရယုံဖြင့်
က​လေးငယ်​များ ဆိုပါက ​ကျောင်းတက်​ချင်​စိတ်
များ ​ပေါက်​လာကာ လူကြီးများဆိုပါက...
ငယ်​ဘဝကို ပြန်​လွမ်းမိတာမျိုး...။

ဦးထက်​​နောင်​ ကားကို ​ကျောင်းဝင်​​ပေါက်​...
အနီးအနားရှိ နီနီရဲရဲ​ဝေဆာ​နေ​သော စိန်​ပန်းပင်
ကြီး​အောက်​တွင်​ ရပ်​လိုက်​သည်​..။

သတိရမိသည်​က ​ဆောင်​ဦးလှိုင်​ ၏...
လွမ်းရယ်​ မ​ပြေဘူး... ဆို​သော သီချင်းကိုပင်​..။

"Daddy လိုက်​ပို့​ပေးရမလား..."

"ကျွန်​​တော်​ လိုက်​ပို့​ပေးလိုက်​မယ်​ Daddy..."

ဦးထက်​​နောင်​ ​ကောင်​​လေး စကား​ကြောင့်​...
ခေါင်းငြိမ့်​လိုက်​သည်​...။ ကား​ပေါ်မှ ဆင်းလိုက်
ကာ ကား​နောက်​ခန်း တံခါးကို ကိုယ်​တိုင်​ဖွင့်​​ပေး
လိုက်​သည်​...။

Clover your'e my clover[Completed]Where stories live. Discover now