Part-24

25.7K 2.6K 87
                                    

(Zawgyi)🍀🍀🍀🍀

Part-24
(ကိုယ်​...ချစ်​​သော clover..!!..)

ဦးထက်​​နောင်​ အရင်​​နေ့များလိုပင်​ မနက်​ခင်း
အ​ပြေး​လေ့ကျင့်​ရာမှ ပြန်​လာခြင်းဖြစ်​သည်​...။
ပုခုံး​ပေါ်တွင်​ တင်​ထား​သော တပတ်​ဖြင့်​ မျက်​နှာ
ကိုသုတ်​လိုက်​သည်​က အမှုမဲ့အမှတ်​မဲ့ နိုင်​လွန်း
သော်​လည်း ကြည့်​​ကောင်း​နေသည်​...။

ခြံထဲမှပန်းပင်​များကို ​ရေ​လောင်း​နေ​သော
အလုပ်​သမား​ကောင်​​လေးကို ပန်းပင်​အချို့
ထပ်​ဝယ်​ကာစိုက်​ရန်​​ပြောပြီးမှ အိမ်​ထဲသို့ဝင်​လာ
လိုက်​သည်​..။

တစ်​ဖက်​ခြံ၏ အိမ်​အ​ပေါ်ထပ်​ဝရန်​တာမှ​..
ဒေါ်နှင်းဆီနီသည်​ စွဲမက်​စရာ​ကောင်း​သော
အမျိုးသား​ကြောင့်​ ပြုံးလိုက်​မိသည်​။

ထိုအမျိုးသားသည်​ ကြည့်​​ကောင်းလွန်း​သော
ရုပ်​ရည်​အပြင်​ ကျယ်​ဝန်း​သောခြံဝန်းနှင့်​ ခမ်းနား
သောအိမ်​​ကြီးကို ပိုင်​ဆိုင်​သည်​။

ဒေါ်နှင်းဆီနီနှင့် တွေ့ဆုံသည့်အချိန်တိုင်းတွင်
ထိုအမျိုးသား မောင်းနှင်လာသော ကားများမှာ
မတူညီပေ..။ တန်ဖိုးကြီးကားများကို အထည်လဲ
သလိုသုံးနိုင်သော ထိုအမျိုးသား၏ ပိုင်ဆိုင်မှု
သည် ဘယ်လောက်​တောင်များလဲ..။

ထိုအတွေးသည် ဒေါ်နှင်းဆီနီ၏ သွေးကြောများ
ထိတိုင်စိမ့်ဝင်ကာ တုန့်ဆိုင်းသွားစေသည်...။
ထိုအမျိုးသားကို ပိုင်ဆိုင်ချင်သော စိတ်များ
လည်းပိုမိုကာ ရင့်သန်လာခဲ့သည်..။

ဒေါ်နှင်းဆီနီ ဝရန်တာ၏ ဘောင်ကို ခပ်တင်း
တင်း ဆုပ်ကိုင်လိုက်မိသည်။ ဒီလူကို ပိုင်ဆိုင်ရ
မှကိုဖြစ်မည်။ ဒါမှသာ ကျန်နေသော ဘဝတစ်
လျောက်ကို သက်တောင့်သက်သာဖြတ်သန်းနိုင်
မည်..။

ဒေါ်နှင်းဆီနီ၏ ပိုင်ဆိုင်မှုများသည် ဟန်ပြ
သပ်သပ်သာရှိတော့သည်။ ဤသည်မှာ...
လောင်းကစားလုပ်ခြင်း၏ အကျိုးဆက်ဖြစ်သည်
ကို ဒေါ်နှင်းဆီနီ ရှင်းလင်းစွာ သိသည်။ သို့သော်
စွဲလမ်းနေပြီဖြစ်သောကြောင့် စွန့်လွှတ်နိုင်ခြင်း
မရှိ..။

Clover your'e my clover[Completed]Where stories live. Discover now