Part-23

25.8K 2.6K 123
                                    

(Zawgyi)🍀🍀🍀🍀

Part-23
(ကိုယ်​...ချစ်​​သော clover..!!..)

ညစာစားပွဲအပြင်​ အချို့​သော ​ဖျော်​​ဖြေပွဲများပါပါ
သော​ကြောင့်​ အ​တော်​ပင်​ကြာလိမ့်​မည်​။ ခန့်​မှန်း
ခြေအရ ည၁၀နာရီ​လောက်​တွင်​ပင်​ ပြီးဖို့မ​သေချာ။

ရွက်​စိမ်း၏ ပုံမှန်​အိပ်​ချိန်​သည်​ ည၇နာရီတွင်​ဖြစ်
သည်​..။ အခု​တော့ ၉နာရီပင်​ထိုး​တော့မည်​..။
နေရာအသစ်​အဆန်းကို ​ရောက်​​နေ​သော​ကြောင့်
ထင်​ က​လေးငယ်​က အိပ်​ချင်​ပုံမရ​သေး...။

မျက်​လုံးဝိုင်းကြီးများဖြင့်​ ပတ်​ဝန်းကျင်​ ကို..
စူးစမ်း​ကောင်းတုန်းဖြစ်​သည်​။ သူသိချင်​တာ
ရှိလာ​သောအချိန်​တွင်​လည်း ​ဘေးတွင်​ထိုင်​​နေ
သော သစ်​မိုးအိမ်​ ကိုလှမ်းလှမ်း​မေးတတ်​သည်​။

သစ်​မိုးအိမ် ဦးထက်​​နောင်ကို လှမ်းကြည့်​လိုက်
တော့ သူ၏မိတ်​​ဆွေများနှင့်​ စကားစမြည်​​ပြော
နေသည်​။ဖော်​​ရွေစွာပြုံး​နေ​သော်​လည်း စကားစ
ဖြတ်​ရန်​ ကြိုးစား​နေ​ကြောင်း သစ်​မိုးအိမ်
ရိပ်​မိသည်​...။

ဦးထက်​​နောင် သည်​ စကား​ပြော​နေရင်းပင်​...
ရွက်​စိမ်း​လေးကို မကြာခဏလှည့်​ကြည့်​​နေတတ်
သေးသည်​..။ သစ်​မိုးအိမ်​ ရွက်​စိမ်းကို ကြည့်​​နေစဉ်
မှာပင်​ နီနီရဲရဲနှုတ်​ခမ်း​လေးကို ဟကာ ဝှါးတစ်​ချက်
သန်းလာသည်​..။ မျက်​ဝန်း​ထောင့်​မှ မျက်​ရည်​ဥ
လေးများ လိမ့်​ဆင်းလာသည်​ကို လက်​​ခုံဖြူဖြူ
လေးနှင့်​ သုတ်​သည်​..။

မျက်​​တောင်​ရှည်​ရှည်​များ အနည်းငယ်​စင်းကျလာပြီး
နောက်​ ကိုယ်​လုံး​သေး​သေးသည်​ တဖြည်းဖြည်း
ယိုင်​ကျလာ​တော့သည်​..။ သစ်​မိုးအိမ် ချစ်​စဖွယ်
အမူအရာ​လေး​ကြောင့်​ ပြုံးလိုက်​သည်​။ ​ဘေးခုံ
တွင်​ထိုင်​​နေ​သော ရွက်​စိမ်း​လေးကို ချီမယူလိုက်
ကာ သူ၏လက်​​မောင်းများကြားတွင်​ အိပ်​ရအဆင်
ပြေ​သော အ​နေအထား ပြင်​​ပေးလိုက်​သည်​..။

တစ်​ခဏအကြားတွင်​ ခပ်​အိအိပါးကြီးတစ်​ဖက်
သည်​ သစ်​မိုးအိမ်​၏ ​​တောင့်​တင်း​သော ရင်​ဘက်
ကိုအပ်ကာ အိပ်​​ပျော်​သွား​တော့သည်​။ သစ်​မိုးအိမ်
ခဟဟ နှုတ်​ခမ်း​လေးနှင့်​ တည်​ရှိမှု သေး​သေး
လေးကို အူယားစွာကြည့်​ရင်း ပိုမိုကာ​ထွေး​ပွေ့
ထားလိုက်​သည်​..။

Clover your'e my clover[Completed]Where stories live. Discover now