Part-11

30.4K 3.1K 360
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-11
(ကိုယ်​...ချစ်​​သော clover..!!..)

အချိန်​​တွေက သိပ်​အကုန်​မြန်​တာဘဲတဲ့...
ထိုစကားက အလကားသပ်​သပ်​​တော့ မဟုတ်
ပေ..။ မျက်​စိတစ်​မှိတ်​ အတွင်းမှာပင်​ သစ်​မိုးအိမ်
က​လေးငယ်​တို့ အိမ်​တွင်​​နေ​နေသည်​မှာ အချိန်​...
တစ်​လပင်​ ရှိ​​နေ​လေပြီ...။

တစ်​လဆို​သော အချိန်​တွင်​ အိမ်​​တော်​မှ...
အလုပ်​သမားများနှင့်​ သစ်​မိုးအိမ်​ ရင်းနှီး​နေပြီ
ဖြစ်​သလို ဦး​ကောင်း ၏ သတိထား ​စောင့်​ကြည့်
မှုများမှ လည်း လွှတ်​​မြောက်​ခဲ့ပြီ ဖြစ်​သည်​...။

သစ်​မိုးအိမ်​ အ​ပေါ် ဦး​ကောင်း ၏ သတိထား
စောင့်​ကြည့်​မှုများကို သစ်​မိုးအိမ်​ စိတ်​မခုပါ..။
ဦး​ကောင်း သည်​ သစ္စာရှိ​သော သူဖြစ်​​ကြောင်း
သစ်​မိုးအိမ်​ ​ကောင်း​ကောင်းသိသည်​​လေ...။

သစ်​မိုးအိမ်​ ဒီတစ်​လအတွင်း ဦးထက်​​နောင်
ဆီမှ စီးပွား​ရေးနှင့်​ ပတ်​သတ်​သမျှကို အာရုံစိုက်
ကာ သင်​ကြား​နေခဲ့သည်​..။ ဦးထက်​​နောင်​ သည်
စီးပွား​ရေး ​လောကတွင်​ ကျားတစ်​​ကောင်​ဟု...
နာမည်​ကြီးသည်​မှာ အလကား​တောဘမဟုတ်​​ပေ။

သုံးသပ်​နိုင်​စွမ်းနှင့်​ အကွက်​မြင်​ရာတွင်​ သူမတူ
ပေ...။ သစ်​မိုးအိမ်​ ဦးထက်​​နောင် ဆီတွင်​....
သင်​ကြားရန်​ ဆုံးဖြတ်​ခဲ့သည်​မှာ မှန်​ကန်​​သော
ဆုံးဖြတ်​ချက်​ပင်​...။

သစ်​မိုးအိမ်​ ၏ တစ်​လဆို​သော အချိန်​ကို...
ရင်းနှီးကာ ရလာ​သော အကျိုးအမြတ်​များတွင်
တောက်​တဲ့​လေး တစ်​​ကောင်​လဲ ပါဝင်​​နေခဲ့သည်​။

"ကိုကို... ရွက်​စိမ်း နွားနို့ယူလာတယ်​...။
အားရှိ​အောင်​ ​သောက်​လိုက်​ဦး ကိုကို...
လေး​လေး​ကောင်း က အားရှိတယ်​တဲ့..."

သစ်​မိုးအိမ်​ ဧည့်​ခန်းထဲတွင်​ ထိုင်​​နေစဉ်​...
အနား​ရောက်​လာ​သော ရွက်​စိမ်း..။ သစ်​မိုးအိမ်
ရွက်​စိမ်း​လေး ၏ ​​ခေါင်း​လေးကို ခပ်​ဖွဖွ ပွတ်​သပ်
လိုက်​ကာ လက်​​ဖောင်း​ဖောင်း​လေးဆီမှ နွားနို့ခွက်
ကို လွှဲယူလိုက်​သည်​...။

Clover your'e my clover[Completed]Where stories live. Discover now