Part-10

32K 3K 146
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-10
(ကိုယ်​... ချစ်​​သော clover..!!..)

ဦးထက်​​နောင်​ စား​သောက်​ဆိုင်​ အတွင်းမှ...
ထွက်​လာ​သောသူကို မည်​သူမှန်း ​သေချာစွာ..
အတည်​ပြုချင်​​သော​ကြောင့်​ ထိုသူ​နောက်
ခပ်​လှမ်းလှမ်းမှ လိုက်​လာလိုက်​သည်​...။

တနင်္ဂ​နွေ ပိတ်​ရက်​ဖြစ်​​သော​ကြောင့်​....
ကစားကွင်းတွင်​ ပုံမှန်​ထက်​လူများ​နေသည်​...။
ဦးထက်​​နောင်​ ​နောက်​​ယောင်​ခံ လိုက်​​နေစဉ်​မှာ
ပင်​ ထိုရင်းနှီး​နေ​သော အမျိုးသား၏ ပုံရိပ်​သည်
ဦးထက်​​နောင်​ ၏ မြင်​ကွင်းမှ ​ပျောက်​ကွယ်​သွား
လေသည်​...။

ဦးထက်​​နောင်​ မျက်​ခုံးထင်းထင်းများ တွန့်​​ကွေး
သွားကာ မ​ကျေမနပ်​ဖြစ်​သွားရသည်​။
ဦးထက်​​နောင် ပတ်​ဝန်းကျင်​ အား ထပ်​မံ၍
စစ်​​ဆေးကြည့်​​သော်​လည်း ထိုသူ၏..
အရိပ်​အ​ယောင်​ပင်​ မရှိ...။

ဦးထက်​​နောင် လက်​​လျော့လိုက်​ရသည်​...။
မိမိ စိတ်​ထင်​သည်​လည်း ဖြစ်​နိုင်​သည်​​လေ..။
ဦးထက်​​နောင် သားနှစ်​​ယောက်​ ကို လိုက်​ရှာရန်
နေရာမှ လှည့်​ထွက်​လာလိုက်​သည်​။

ဦး​ထက်​​နောင်​ ထွက်​သွားသည်​နှင့်​...
ထို​နေရာနှင့်​ မနီးမ​ဝေး တစ်​​နေရာမှ...
ခပ်​​ထေ့​ထေ့ အပြုံးနှင့်​ သူတစ်​ဦးထွက်​လာ​လေ
သည်​...။ ထိုသူသည်​ အ​စောပိုင်းက ဦးထက်​​နောင်
နောက်​​ယောင်​ခံ လိုက်​​နေ​သော စား​သောက်​ဆိုင်
ထဲမှ အမျိုးသားပင်​...။

ထိုသူသည်​ ဦးထက်​​နောင် ၏ ​ထွက်​သွားရာ
ဘက်​ကို တစ်​ချက်​ကြည့်​ပြီး သူ့လိုရာခရီးကို..
ထွက်​သွား​လေသည်​...။

ဦးထက်​​နောင်​ အချိန်​တစ်​ခဏယူပြီး​နောက်​...
ခုံတန်းတစ်​ခုတွင်​ ထိုင်​ကာ ​ရေခဲမုန့်​စား​နေ​သော
သစ်​မိုးအိမ်​နှင့်​ ရွက်​စိမ်း​ကို ရှာ​တွေ့​လေသည်​..။

ဦးထက်​​နောင် ခုံတန်းအနားသို့ သွားလိုက်​ကာ
နှစ်​​ယောက်​၏ ​​ခေါင်းကို လက်​ဖဝါးကြီးဖြင့်​ အုပ်
ကိုင်​ကာ ဆံပင်​များကို ဆွဲဖွလိုက်​သည်​...။

Clover your'e my clover[Completed]Where stories live. Discover now