Part-9

29.9K 2.9K 139
                                    

(Zawgyi)🍀🍀🍀🍀

Part-9
(ကိုယ်​...ချစ်​​သော clover..!!..)

နေ​ရောင်​ခြည်​ ​နွေး​နွေးက ခန့်​ညား​သော..
ဥပတိရှိ​သော အမျိုးသား​ပေါ်သို့ ဖြာကျ​နေသည်​။

ထင်းရှား​နေ​သော မျက်​ခုံးများနှင့်​ ​ပေါ်လွင်​​သော
နှာတံက ထိုအမျိုးသားကို ​ပိုကြည့်​​ကောင်း​စေ
သည်​။ ​နွေး​ထွေးမှု လွမ်း​သော မျက်​ဝန်းများနှင့်
တင်းတင်း စေ့ထား​သော နှုတ်​ခမ်းများ...။

ထိုအမျိုးသား သည်​ ပြတင်း​ပေါက်​ တံခါးနား
တွင်​ရပ်​ကာ အပြင်​ဘက်​ကို ​ငေးကြည့်​​နေခြင်း။
ထိုစဉ်​ ​နောက်​ပါးစီမှ တံခါးဖွင့်​သံနှင့်​အတူ...
လူတစ်​​ယောက်​ ဝင်​လာ​သောအခါ ပြတင်းတံခါး
နားတွင်​ ရပ်​​နေ​သော အမျိုးသားသည်​ ​ခေါင်းငဲ့ကာ
တစ်​ချက်​ကြည့်​လာပြီး စက္ကန့်​ပိုင်း အတွင်းမှာပင်
အပြင်​ဘက်​ရှုခင်းများဆီသို့ အကြည့်​ပြန်​လွှဲသွား
သည်​...။

အခန်းထဲဝင်​လာ​သော သူသည်​ လက်​ထဲတွင်
ကိုင်​ထား​သော အစားအ​သောက်​ ဗန်း​လေးကို
အခန်းထဲရှိ တစ်​ခုတည်း​သော စားပွဲ​ပေါ်တွင်​..
တင်​လိုက်​သည်​...။

ပြီးမှ ပြတင်းတံခါးမှ အပြင်​ဘက်​ကို ​​တိတ်​ဆိတ်
စွာ ကြည့်​​နေ​သော အမျိုးသား ကို ကြည့်​လိုက်​ကာ
ပြောလာသည်​...။

"မင်း... ဘယ်​အချိန်​ထိ တိတ်​ဆိတ်​​နေဦးမှာလဲ..။
ဒီလိုလုပ်​​နေလဲ ​ပြောင်းလဲသွားတာ မရှိဘူး..။ လာ
ထမင်း လာစား.. မင်းကြိုက်​တဲ့ ​ပြောင်းဖူး ထမင်း
ကြော်​.. ​ကြော်​လာတယ်​..."

ပြတင်းတံခါး နားတွင်​ ရပ်​​နေ​သော အမျိုးသား
သည်​ သက်​ပြင်းဖွဖွ ချကာ အခန်းအလယ်​ရှိ
စားပွဲအနားသို့ ​လျောက်​လာသည်​..။ တစ်​ချက်
လမ်း​လျောက်​လိုက်​တိုင်း ကျယ်​​လောင်​စွာ..
ထွက်​​ပေါ်လာ​သော သံကြိုးသံ​ကြောင့်​...
ထင်​ရှား​သော မျက်​ခုံးထင်းထင်းများက
အနည်းငယ်​တွန့်​​ကွေးသွား ​သော်​လည်း...
ဘာမှ​တော့ မ​ပြော...။

ဤသည်​ကို သတိထား မိ​သော သူသည်​...
ပြောလာသည်​...။

"မင်း.. ဒီသံကြိုး​တွေကို စိတ်​အ​နှောင့်​အယှက်
ဖြစ်​​နေမယ်​ ငါ သိပါတယ်​...။ အချိန်​တစ်​ခု..
အင်း.. အချိန်​တစ်​ခုထိဘဲ သည်းခံ​ပေး...."

Clover your'e my clover[Completed]Where stories live. Discover now