Part-3

47.5K 3.9K 213
                                    

(Zawgyi)🍀🍀🍀🍀

Part-3
(ကိုယ်​..ချစ်​​သော clover...!!..)

အခန်းတစ်ခု... ။ ခန်းစီးလိုက်ကာ များကို...
အပြည့်ချထားကာ အလင်းရောင် ဟူ၍...
တစ်စွန်းတစ်စ မရှိ..။ အခန်းတွင်းတွင်...
မှုန်ပြပြ အလင်းရောင်သာ ကြီးစိုးနေသည်..။

စာကြည့်​စားပွဲ​လေး တစ်​ခုကို အခန်း​ထောင့်
တွင်​ ချထားကာ စားပွဲ​ပေါ်တွင်​ စာအုပ်​​လေးများ
ကို ​သေသပ်​စွာ စီထားသည်​..။ အဖြူ​ရောင်​..
ကြွေပန်​အိုး​လေးတစ်​ခုတင်​ထားကာ သစ်​ခွပန်း
တစ်​ခက်​ကို ထိုးထားသည်​..။

အနည်းငယ်​ နွမ်း​နေပြီဖြစ်​​သော...
သစ်​ခွပန်း​လေး က ဝမ်းနည်းစရာ ​ကောင်း
နေသည်​...။

အခန်းအလယ်တွင်မူ အဖြူရောင် အိပ်ယာခင်း
ကို အသုံးပြုထားသော ကုတင် တစ်ခုရှိသည်..။
သေချာသတိထားကာ ကြည့်ပါက ကုတင်ပေါ်
တွင် လူငယ်လေး တစ်ဦးသည် ခွေခွေလေး လှဲ
လျောင်းနေလေသည်...။

လူငယ်​​လေး ၏ အမူအရာမှာ...
စားပွဲတင်​ ​ကြွေပန်းအိုးထဲက နွမ်းလျ​နေ​သော
သစ်​ခွပန်းခက်​​လေးလိုပင်​ အားနည်းကာ...
ဖျော့​တော့​နေသည်​..။

မျက်ဝန်းများ မှိတ်ကာ အိပ်ပျော်နေခြင်း
ဖြစ်သော်လည်း မျက်ရည်များစီးကျနေကာ
တစ်ချက်တစ်ချက် ရှိုက်သံလေးများပင် ထွက်ပေါ်နေသေးသည်..။

မျက်​ရည်​များ ဖြင့်​ပြည့်​​နေ​သော
လူငယ်​​လေး ၏ ပုံစံမှာ ထိလွယ်​ရှလွယ်​ကာ...
အချိန်​မ​ရွေး ပျက်​စီး​တော့မည့်​ တည်​ရှိမှုလို...
ဖျော့​တော့ အားနည်းလွန်းသည်​...။

နီရဲကာ ဖောင်းမို့နေသော မျက်ဝန်းများကို..
ကြည့်ခြင်းဖြင့် လူငယ်လေး သည် အချိန်
အတော် ကြာ ငိုထားကြောင်း သိနိုင်သည်...။

အခန်းထဲတွင် တစ်စွန်းတစ်စ ရှိုက်သံလေးမှ
တစ်ပါး တိတ်ဆိတ်နေလေသည်..။ တစ်ခဏ
အကြာ အိပ်ပျော်နေသော လူငယ်လေး သည်
နိုးလာကာ မှောင်ရီသန်းနေသော အခန်း
အခြေအနေကို ဗလာမျက်ဝန်းများဖြင့်
လှည့်ပတ်ကာ ကြည့်လိုက်သည်...။

လူငယ်လေးသည် အခန်းထဲတွင် အလင်းရောင်
ရရန် မကြိုးပမ်းသလို ကျဆင်းနေဆဲ မျက်ရည်
များကိုလည်း မသုတ်ချေ... ။ ကုတင်ဘေးဘက်
ထောင့်စွန်းတွင်သာ တိတ်ဆိတ်စွာ ထိုင်နေသည်။
ခေါင်းကို ငုံ့ကာ ကြမ်းပြင်ကိုသာ အကြည့်ပို့ထား
သည်...။

Clover your'e my clover[Completed]Where stories live. Discover now