Part-90(အတိတ်သို့ တစ်ကျော့)

13.8K 1.6K 33
                                    

(Zawgyi)🍀🍀🍀🍀

(တစ်တိတ်သို့ တစ်ကျော့)

Part-90
(ကိုယ်..ချစ်သော clover..!!..)

ကားပေါ်မတက်ခင် အိမ်ထဲပြန်ပြေးဝင်သွားသော
သားဖြစ်သူဘောလုံးလေးကိုကြည့်ရင်း ဦးထက်နောင်
သက်ပြင်းမောကိုချလိုက်သည်။ သူ၏အသုံးမကျမှု
ကြောင့် သားနှစ်ယောက်ကိုအလွန်ရင်းနှီးစေခဲ့မိသည်။

သူသိသောအချိန်တွင် ဘောလုံးလေးက သားကြီး၏
အပြုအမူများနှင့်အုပ်ထိန်းမှုအောက်တွင် သားကျနေ
ခဲ့ပြီဖြစ်သည်။ အခုအချိန်တွင် ထိုကလေးနှစ်ယောက်
ကြား မည်သို့စည်းတားရမည်ကို သူတစ်ကယ်ကိုပင် မတွေးတတ်တော့ပေ။

ဦးထက်နောင် လေပူများကိုမှုတ်ထုတ်လိုက်သည်။
ရွက်စိမ်းကို ကျောင်းလိုက်ပို့ပြီးမှကုမ္ပဏီသို့ထွက်လာ
လိုက်သည်။ ဦးထက်နောင် တစ်လမ်းလုံးအတွေးများ
ကြားနစ်မြှုပ်နေပြီး ဆုံးဖြတ်ချက်များကြားရုန်းကန်နေ
ရသည်။ မေးခွန်းအားလုံးက "ငါဘာလုပ်ရမလဲ"ဆို
သည်များနှင့်သာပြည့်နက်နေသည်။

ဦးထက်နောင် ကုမ္ပဏီသို့ရောက်သည်နှင့် မိုးဝေ
ကို ခေါ်လိုက်သည်။ သူပထမဆုံးမေးမြန်းသည်က
သားကြီး အလုပ်ရောက်ပြီလားဟူ၍ဖြစ်သည်။ မိုးဝေ
က ဒုဥက္ကဌအစည်းအဝေးလုပ်နေကြောင်းပြောသော
အခါ သူခေါင်းငြိမ့်လိုက်သည်။

သားကြီးကအရည်အချင်းရှိသောသူဖြစ်ကြောင်းကို
သူအကျွင်းမဲ့ယုံကြည်သည်။ သားကြီးကထက်မြက်
သောအမျိုးသမီးလေး၏လက်ကိုကိုင်ဆွဲကာ စင်မြင့်
ထက်တွင်တောက်ပနေသင့်သည်ပင်။ လွှဲမှားနေသော
ခံစားချက်များကိုလည်း ရပ်တန့်စေချင်သည်။

ဦးထက်နောင် ယုံကြည်ထားသည်က အနေနီးလွန်း
သောကြောင့်သာဖြစ်သည်ဟု။ ထို့ကြောင့်လည်း..
မဖြစ်သင့်သည်များမဖြစ်ရအောင်.. ကလေးနှစ်
ယောက်၏ နီးကပ်နေမှုကိုတစ်ဖြည်းဖြည်းချင်းစီ
ပိုင်းခြားပြစ်မည်ဟုတွေးထားသည်။

သူအလျင်စလိုလုပ်၍လည်းမဖြစ်..ရွက်စိမ်းက
သားကြီးကိုအလွန်တွယ်တာသောကြောင့် ရလဒ်များ
ပိုဆိုးသွားနိုင်သည်။ ဤသည်ကို ဦးထက်နောင်က
မသိလောက်အောင် မတုံးအပေ။

Clover your'e my clover[Completed]Where stories live. Discover now