Chapter 21- Shocking News

5.7K 1K 55
                                    

Unicode

" တဆိတ်လောက် ခင်ဗျ"
တိချိုးဟယ်က ရှေ့တစ်လှမ်းတိုးကာ ခေါင်းလေးစောင်း၍ ကြည့်လိုက်သည်။ နူးညံ့သော သူ့အမူအရာနှင့် ချိုမြိန်သော အပြုံးကြောင့် လျှောက်လမ်းနားမှ အလင်းရောင် မှိန်မှိန်လေးက အားပြည့်လာပုံရသည်။ သူက ချိုလွင်နေသော အသံလေးနှင့် မေးလိုက်သည်။
" ဒီက အစ်ကိုတို့ TV လိုင်းမှာ commermoration အစီအစဥ် စနေပြီလားခင်ဗျ"

နူးညံ့ချိုသာလွန်းသောအသံ... စူးရှနက်ရှိုင်းသော အကြည့်တို့ကြောင့် တစ်ဖက်လူမှာ အနမ်းခံလိုက်ရသည့်နှယ် ရှက်သွေးဖြာသွား၏။ ထိုဝန်ထမ်းကောင်လေးက တိချိုးဟယ်ကို ကြည့်ရင်း ခဏကြောင်နေပြီးနောက် ခက်ခဲစွာဖြင့် မျက်လုံးလွှဲလိုက်ရသည်။ ထို့နောက် နီရဲနေသော နားရွက်ဖျားကို ပွတ်သလိုလို မျက်မှန်ကို ပင့်တင်သလိုလိုနှင့် အလုပ်ရှုပ်နေပြီးမှ နူးညံ့စွာ ပြန်ဖြေသည်။
" ဒါက အစီအစဥ်ရဲ့ အရှိန်ကောင်း​​အောင် သရုပ်ဆောင်ရုံသက်သက်ပါပဲ..တကယ့်အစီအစဥ်က အခုမှ ပြင်ဆင်နေဆဲပါ... အစီအစဥ် စပြီဆိုတာနဲ့ အစ်ကို့ကို လှမ်းခေါ်မှာပါ... ကျွန်တော်တို့ ရုပ်သံလိုင်းဂုဏ်တက်ရဖို့အတွက် လာခဲ့ပေးပါဦးဗျာ"

တိချိုးဟယ်က နားလည်ကြောင်း ခေါင်းညိတ်လိုက်ပြီး စိတ်ထဲ တစ်စုံတစ်ခုပေါ်လာသည်နှင့် မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
" အစ်ကိုတို့ ရုပ်သံလိုင်းက ကျွန်တော့်ကို လိုလိုလားလားဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ.. ဒါပေမဲ့ ကျွန်တော် အခု ဟွမ်ဒူက ထွက်ခဲ့ပြီမို့လို့ ကျွန်တော့်တစ်ဖွဲ့လုံးကို ကုမ္ပဏီက ပြန်ခေါ်နေပြီဗျ... ဒီနေ့ရုပ်သံအစီအစဥ်က ဟွမ်ဒူရဲ့ အနုပညာရှင်အနေနဲ့ နောက်ဆုံးလုပ်တဲ့ အလုပ်ဖြစ်မှာပါ.. ဒီအစီအစဥ်ပြီးရင် ကုမ္ပဏီနဲ့ ဆက်တွဲဖြစ်မဖြစ် မသေချာလို့ ဖိတ်ကြားမှုကို အရမ်းကြီးတော့ မျှော်လင့်မထားစေချင်လို့ပါ"

ဝန်ထမ်းကတော့ တိချိုးဟယ်၏ အကြံအစည်ကို မရိပ်မိပဲ မေးလိုက်သည်။
" အစ်ကိုက ဟွမ်ဒူရဲ့အနုပညာရှင် မဟုတ်တော့ဘူးလား... ဘာလို့ ကျွန်တော်မသိရ..."
ချက်ချင်းဆိုသလို မနက်က တိချိုးဟယ်တစ်ယောက် ရုပ်သံလိုင်းရှိရာသို့ တစ်ယောက်ထဲ တိတ်တဆိတ်ရောက်လာသည်ကို အမှတ်ရမိသွား၏။ စိတ်ထဲတွင် မေးချင်နေသော အကြောင်းအရာများ အားလုံးကို ပြန်မျိုချလိုက်၏။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now