Chapter 8- ရှိနေသေးလားဟင်

7.2K 1.2K 29
                                    

Unicode

လွှဲစာများ စျေးမေးထားသည့်စာများ မနည်းမနောပင်။ အတော်များများက ဝယ်သူမှ စာမပြန်၍ ဖျက်သွားကြသည်။ ထို့နောက် စာအတော်များများကို ကြည့်ရင်းနှင့် တိချိုးဟယ် အောင်မြင်မှုကို လက်ဖျားခါလိုက်ရ၏။

ဒီလူက.... သူ့ကို ထမင်းကျွေးဖို့ ဘုရားသခင် လွှတ်လိုက်တဲ့ လူလား...ဟမ်..

တိချိုးဟယ်၏ အောင်မြင်မှုကို မနာလိုနေသော စိတ်ကို အသာဖယ်ကာ ရက်လွန်နေသော လွှဲစာများကို တစ်ခုချင်း ဖျက်သည်။ ထို့နောက် လက်မှတ်ကို ဘယ်နားထားမိလဲ ပြန်စဥ်းစားရသေးသည်။ မိမိကိုယ်ကို အပြစ်ရှိသော စိတ်ဖြင့် ရောင်းမည်ဟူသော စာရင်းကို ပိတ်လိုက်သည်။

စနစ်မှ အသိပေးချက်... ထိုပစ္စည်းအား လေလံတင် ပြီးဆုံးပါပြီ.... နောက်ဆုံးလွှဲစာမှာ ယွမ်တစ်ထောင် ဖြစ်ပါသည်။ စာရင်းပိတ်လျှင် လွှဲစာ၏ ငါးရာခိုင်နှုန်း ပေးဆောင်ရပါမည်... ဆက်လက်ဆောင်ရွက်လိုပါလား

ဘာ!!... ဘယ်သူက လေလံဆွဲထားတာလဲ... ယွမ်တစ်ထောင်တောင်

မဟုတ်သေးပါဘူး... ခနလေး.... တကယ်လို့ ဖျက်ရင် ငါးရာခိုင်နှုန်း ပေးရမယ်ဆိုတာကရော... ဘယ်ထဲက ပေးရမှာလဲ... ဘယ်သူ့ဆီက ဖြတ်မှာလဲ... လေလံတင်တုန်းက မပေးရပဲနဲ့ကို ပြန်သိမ်းမှ ပေးရမယ်တဲ့လား

သူတောင်းစားထက် မွဲနေသော ဟောပိုင်မှာ တစ်ထောင်၏ ငါးရာခိုင်နှုန်း မပြောနှင့် ငါးကျပ်ပင် မရှိ။ ထို့ကြောင့် ကျောင်းကွန်ရက် စာမျက်နှာကိုသာ စိတ်ပျက်ပျက် ငေးကြည့်နေ၏။ ဆယ်မိနစ်အကြာတွင် ကျောင်းကွန်ရက်ထဲ ပြန်ဝင်ပြီး သူ လေလံတင်ထားသော ပစ္စည်းဆီသွား၍ လေလံကြေး တစ်ထောင်ကို အတည်ပြုလိုက်သည်။ ထို့နောက် လွှဲစာကို သဘောတူကြောင်း နှိပ်ကာ ဝယ်သူ၏ လိပ်စာကို မေးမြန်းလိုက်သည်။

ကျောင်းကွန်ရက်အား ကျောင်းသားများ အလွဲသုံးစား မလုပ်နိုင်ရန် စီစဥ်သူများက စည်းမျဥ်းအထပ်ထပ် ချထားသည်ကို သူ မသိလိုက်။ သူ့လို အချိန်အကြာကြီး တင်ကာ မေ့နေသော သူများအဖို့ ကော်မရှင်ကြေး ပေးရသည်ကိုလဲ သူအခုမှ သိ၏။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now