Chapter 14- Happy Birthday

5.9K 1.1K 10
                                    

Unicode

တနင်္ဂနွေမနက်စောစောဖြစ်သည့်အတွက် မြောက်ဘက်ကန်တင်းတစ်ခုလုံး တိတ်ဆိတ်ကာ ဆိုင်အတော်များများ တံခါးပိတ်ထား၏။ ကံကောင်းသည်က သက်ရှည်ခေါက်ဆွဲဆိုင်တစ်ဆိုင်ထဲ ဖွင့်ထား၏။

တိချိုးဟယ်ရှေ့တွင် ခေါက်ဆွဲပူပူတစ်ပန်းကန်ချပေးပြီးနောက် ဟောပိုင်က ပဲနို့သောက်ရင်း ပေါက်စီပူပူတစ်ကိုက် ကိုက်၏။

" ကိုယ်လဲ ပဲနို့သောက်ချင်တယ်"
တိချိုးဟယ်က တူကို နှစ်ခြမ်းခွဲရင်း ဟောပိုင်၏ မျက်လုံးဝိုင်းဝိုင်းလေး ပြူးစက်သွားသည်ကို ငေးကြည့်နေ၏။

ထိုနေ့က သူ့ဆီက တိချိုးဟယ်လုသွားသော milk tea ကိစ္စစဥ်းစားမိ၍ ဟောပိုင် တွေဝေသွားသည်။ ပဲနို့ဘူးကို ပိုက်ဖွင့်ဖောက်ရင်း အထဲတွင် အမြှုပ်ထအောင် မှုတ်ကာ ပိုက်ဆွဲထုတ်လိုက်သည်။ ထို့နောက် တိချိုးဟယ်အတွက် နောက်တစ်ဘူးသွားဝယ်၏။

" သကြားပါလား.... ကိုယ်က ချိုတာပိုကြိုက်တယ်"
တိချိုးဟယ်က အပြစ်ကင်းစင်သော မျက်နှာနှင့် လှမ်းမှာ၏။

ဟောပိုင်က အသက်ဝဝရှူလိုက်သည်။
'ဒီနေ့ သူ့မွေးနေ့ပဲလေ... ပြီးတော့ အရူးနဲ့ ရန်ဖြစ်လို့ ဘာမှမထူးဘူး'

ထိုသို့တွေးရင်း ဒေါသထွက်ထွက်နှင့် ထကာ ပဲနို့ထဲ သကြားထည့်ပေးလိုက်ပြီး ပိုက်တပ်၍ တိချိုးဟယ်၏ ခေါက်ဆွဲပန်းကန်ဘေး ထားပေး၏။ ထို့နောက် ပေါက်ဆီကိုင်ကာ တစ်ကိုက်ကိုက်ရင်း မျက်လုံးဝိုင်းလေးနှင့် ဒေါသတွေ ထွက်နေ၏။

ဒေါသထွက်နေသည့် ထိုမျက်နှာလေးက ဆယ်ကျော်သက်လေးအလားပင်။ တိချိုးဟယ်က ပေါက်စီကိုက်လိုက်တိုင်း ထွက်လာတတ်သည့် ဟောပိုင် ပါးချိုင့်လေးကို ငေးရင်းကြည့် အပြုံးကို ဖုံးကွယ်ရန် ချောင်းဟန့်လိုက်သည်။ ထို့နောက် အင်္ကျီလက်ခေါက်တင်ကာ ခေါက်ဆွဲကို တူနှင့်မွှေပြီးနောက် ဖြည်းဖြည်းချင်း စား၏။

ဟောပိုင်မျက်လုံးများက ခေါက်ဆွဲပန်းကန်မှ စားနေသူ၏ နှုတ်ခမ်းတွင် အကြည့်ရပ်သွားသည်။

ခေါက်ဆွဲရည်ကြောင့် စိုစွတ်နေသော နှုတ်ခမ်းသားများကြောင့် ပို၍ ဆွဲဆောင်မှုရှိနေ၏။ သွားဖြူဖြူလေးများကြားမှ အနည်းငယ်ထွက်လာသော လျှာရဲရဲလေးကလဲ ဆွဲဆောင်မှုကို ထပ်ဖြည့်ပေးနေသကဲ့သို့ ကြည့်ကောင်းနေ၏။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now