Chapter 66- ရှောင်ပိုင်လေးရေ 2

3.4K 691 4
                                    

Unicode

" ပြန်လုပ်လဲ အကျိုးမရှိဘူး.. မင်း လမ်းကြောင်းလွဲနေတယ်"
ရွှီရင်ရုန်က ခေါင်းခါ၍ ဆက်ပြောသည်။
" အမှတ်တစ်ရာပေးမယ်ဆိုရင် မင်းရဲ့ပုံတွေက သုညပဲ ရမယ် .. အရင်တစ်ခေါက်က မင်းမေးဖူးတယ် ပုံစံမမှန်တာကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာလေ.. ငါ မင်းကို ပိုစတာတွေကြည့်ဖို့ အကြံပေးခဲ့တယ် .. ဒါပေမဲ့ မင်း ငါပြောတာ လုံးဝနားမလည်ဘူး"

ဟောပိုင်က အံ့အားသင့်ကာ ရှေ့တိုးလာသည်။ သူ့ပုံစံက စကားခပ်မာမာနှင့် ဝေဖန်သည်ကို အမှုမထားနိုင်ပဲ အဖြေကိုသာ လိုလိုလားလား တောင်းခံနေသည့် ကလေးနှယ်။

ထိုအချက်ကို ရွှီရင်ရုန် သဘောကျခြင်းပင်။ ဝေဖန်မှာကို မကြောက်ပဲ သင်ယူလိုစိတ်အပြည့်ရှိသည်။ တခြားသူ၏ အကြံဉာဏ်ကို သေချာနားထောင်သည်။ ခေါင်းမမာပဲ ပြဿနာအရင်းအမြစ်ကို ရှာ၍ ပြင်လိုစိတ်အပြည့်ရှိသည်။

" ပိုစတာတွေ အကုန်လုံးက သေသေချာချာ ပြင်ထားကြတာ .. ပြောရမယ်ဆိုရင် လူတစ်ယောက်ချင်းစီကို ကာရိုက်တာတစ်ခုချင်းစီကို အချိတ်အဆက်မိအောင် တွဲပြထားတာ.. ဒါပေမဲ့ မင်းပုံတွေက...."
ရွှီရင်ရုန်က အသံကို မသိမသာ နှေး၍ တစ်ပုံချင်း အသေအချာထောက်ပြသည်။
"မင်းပုံတွေက  လူတစ်ယောက်ချင်းစီ ရိုက်တဲ့နည်းကို အဓိကထားနေတုန်းပဲ.. အကုန်လုံးကို အဲ့နည်းအတိုင်း ရိုက်ထားတာ.. လူတစ်ယောက်ချင်းကို ကောင်းအောင်ရိုက်ရင် အုပ်စုပုံကောင်းတစ်ပုံ မထွက်လာနိုင်ဘူးလာဆိုတော့ မထွက်လာနိုင်ဘူး... အရမ်းများ​တော့ ဆိုလိုရင်းကို ဖမ်းရခက်တယ် .. အုပ်စုပုံတွေ တော်တော်များများက အထူးသဖြင့်ကြော်ညာပုံတွေမှာဆို ဓာတ်ပုံနှင့် ကြော်ညာပစ္စည်းက တစ်သားထဲပဲ.. ဆိုတော့ ရှောင်ဟောရ .. မင်း ဓာတ်ပုံရိုက်တဲ့အခါ မော်ဒယ်တွေကို ဘယ်လိုပြပေးရမလဲ သင်ရမယ် . မော်ဒယ်ပုံကို ရိုက်ဖို့ထက် သူတို့ကို ညွှန်ကြားနိုင်ဖို့က ပိုအရေးကြီးတယ်"

တကယ် ရှင်းလင်းသွားပါ၏။

စားပွဲပေါ်က ဓာတ်ပုံများကို တစ်ခုချင်းစီကြည့်ရင်း တစ်ယောက်ချင်းရိုက်သည့် အတွေ့အကြုံကို ပြန်တွေးနေသည်။ သူ ရေးရေးတော့ သဘောပေါက်လာသည်ထင်၏။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now