Chapter 114 - အခြေခံ ဂျပန်စာ သင်တန်း 1

3.2K 633 37
                                    

Unicode

နေ့ခင်းတစ်ခင်းလုံး အတန်းမတက်ပဲ ပျောက်နေသဖြင့် ထုံးစံအတိုင်း အခန်းဖော်အစ်ကိုသုံးယောက်က နားညီးအောင် လာဆူသည်။ ဟောပိုင်က သူမှားကြောင်းဝန်ခံကာ ကျောင်းထပ်မပျက်တော့ပါဘူးဟု ကတိအထပ်ထပ်ပေးမှသာ သူ့ကို လွှတ်ပေးလိုက်ကြသည်။

သူ့စားပွဲကိုရောက်တော့ တည်းဖြတ်လက်စပုံတန်းလန်းက ကွန်ပျူတာပြန်ဖွင့်သည်နှင့် ပေါ်လာသည်။

ဖုန်းရုံအနီလေးဘေးတွင် မှီရပ်နေသော အရပ်ရှည်ရှည် လူရွယ်တစ်ယောက်.. ခေါင်းစောင်းကာ ကင်မရာကို ခပ်ရွဲ့ရွဲ့ကြည့်နေသည်။ အမှောင်ရိပ်ကြောင့် မျက်နှာတစ်ခြမ်းက ကွယ်နေသည့်တိုင် စူးရှရှ မျက်ဝန်းအစုံက အမှောင်ထဲတွင် လင်းလက်နေသည်က ချောမော၍ ဆွဲဆောင်မှုရှိကာ လျှို့ဝှက်ချက်တို့ ပြည့်နှက်နေသည်။

သူ့ပိုင်ပိုင်လေးက အောက်တွင် ငြိမ်ချက်သားကောင်းနေသည်။ နှလုံးခုန်နှုန်းကလဲ တည်ငြိမ်လွန်း၍ အပျင်းတက်ပြီး သီချင်းတောင် ထဆိုချင်လာသည်။

သောက်ကျိုးနည်း အချက်မှားပြတာလားမသိဘူး..

ဟောပိုင်က mouse ကို ရွှေ့၍ တည်းဖြတ်လက်စပုံကို သိမ်းကာ laptop ထဲ သိမ်းထားသည့် ပုံများထဲမှ တိချိုးဟယ်ဆိုသည့် ဖိုင်ကို ထုတ်ကြည့်သည်။

ပုံတွေကို တစ်ပုံပြီးတစ်ပုံ စိတ်ကြိုက်ကြည့်နေသည်။ ဒီပုံကတော့ သိပ်မကောင်းဘူး.. ဒီတစ်ပုံက မျက်နှာလေးလှတယ်.. ဒီပုံကတော့ ခြေတံရှည်ရှည်လေးမပါလို့ နှမြောစရာကြီး.. ဒီပုံက ကောင်းတော့ကောင်းပါရဲ့ အဝတ်အစားက လွဲနေသလိုပဲ.. ဒီပုံလေးက ငုံ့ပြီးစကားပြောနေတဲ့အချိန် ရိုက်မိလိုက်လို့ တော်သေးတာပေါ့.. ချောလိုက်တဲ့ မျက်နှာလေး..

သို့သော် သူ့ပိုင်ပိုင်လေးက မလှုပ်မယှက်.. နှလုံးခုန်နှုန်းကလဲ ငြိမ်လွန်းလို့ တစ်ချက်မှတောင် မလွဲ။

ကွန်ပျုတာ ပိတ်ကာ စားပွဲအောက်ထဲ သိမ်းလိုက်သည်။ ထို့နောက် ဖုန်းထုတ်၍ တိချိုးဟယ်နှင့် ပို့ထားဖူးသော စာမှန်သမျှ ပြန်ဖတ်သည်။ စာများကို ပြန်ဖတ်ရင်းက တိချိုးဟယ်ကို စိတ်ထဲမှ ဆဲနေသည်။ နောက် ဆက်မဖတ်နိုင်တော့ပဲ Wechat ထဲ ဝင်လိုက်သည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now