Chapter 86- You're Handsome 1

3.5K 695 11
                                    

Unicode

တုံ့နီက သူ့နဖူးသူ ပြန်ရိုက်နေသော ဟောပိုင်ကို ကြောင်ကြည့်နေသည်။ အခုမှ အိပ်ရာနိုးလာပုံရသောကြောင့် အခန်းနံပါတ်ကို မသေမချာပြန်ကြည့်ရင်း ခေါင်းကိုတစ်ချက်ဖွကာ ချီတုံချတုံဖြစ်နေသည်။
" ဆောရီး.. အခန်းမှားသွားလို့.. ဆောရီးနော် "

" နေပါဦး"
ဟောပိုင်က တားလိုက်ပြီး သူမ၏ ဂါဝန်ကို သေချာကြည့်နေသည်။
" မမှားပါဘူး.. ဒါ တိချိုးဟယ်ရဲ့အခန်းဟုတ်ပါတယ်"
ဇီးသီးဝိုင်က အချိုရည်အရသာရှိပေမဲ့ အမူးက ကြာပြီးပြင်းသည်။ အမူးပြေလေလေ ခေါင်းကိုက်လေလေဖြစ်၏။

ပြီးတော့ ရုတ်တရက်ရောက်လာသော တုံ့နီကြောင့် သူ ခေါင်းရှုပ်သွားသည်။

တုံ့နီက ထွက်သွားဖို့ပြင်နေသော ခြေလှမ်းကိုရပ်ကာ ဟောပိုင်ကို ခြေဆုံးခေါင်းဆုံးကြည့်နေပြီးမှ ယဥ်ယဥ်ကျေးကျေး ပြုံးလိုက်သည်။
" စိတ်မရှိပါနဲ့နော် ရှင်က..."

" သူ့သူငယ်ချင်းပါ.. ပိတ်ရက်မို့လို့ လာလည်တာ"
ဟောပိုင်က ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။ အနာဂတ်တွင် ဖြစ်လာနိုင်သည့် ဒုက္ခများကို ခေါင်းထဲ တွေးလိုက်ရင်းက ထိုသို့မဖြစ်ရန် သေချာရှင်းပစ်ရမည်ဟု ဆုံးဖြတ်၏။ ထို့ကြောင့် အခန်းတံခါးကို အကျယ်ကြီးဖွင့်လိုက်သည်။ အနောက်က တစ်ယောက်ယောက်လိုက်လာပြီး ဗီဒီယိုခိုးရိုက်တာ ဒါမှမဟုတ် သတင်းထောက် တစ်ယောက်ယောက် ရှိနေရင်တောင်မှ တိချိုးဟယ်ကို အထင်မလွဲသွားစေရန်ဖြစ်သည်။ ထို့နောက် တုံ့နီကို ပြုံးပြလိုက်၏။
" ခဏလေးနော်.. ကျွန်တော် သူ့ကိုခေါ်ပေးမယ်"

တုံ့နီ ဘာမှ ပြန်မပြောနိုင်ခင် ရေချိုးခန်းတံခါးကို သွားခေါက်ကာ အိပ်ရာပေါ် ပြန်သွား၍ ကင်မရာနှင့် ဖုန်းကိုယူပြီးနောက် တံခါးဝ ပြန်ရောက်လာသည်။

တမင်တကာ သတင်းပြန့်ချင်နေသော တုံ့နီမှာ ဒီလိုအခြေအနေမျိုး ကြုံတွေ့ရမည်ဟု မထင်ထားသည့်အတွက် စကားပင် ပြန်မပြောနိုင်တော့ချေ။

ဟောပိုင်လက်ထဲမှ ကင်မရာအိတ်နှင့် ဖုန်းကိုကြည့်ပြီးနောက် တုံ့နီက အခန်းတံခါးကို နောက်တစ်ခါပြန်ကြည့်သည်။ ထို့နောက် အခန်းထောင့်မှ CCTV ကို တစ်ချက်ကြည့်ကာ သူမနှင့် ဟောပိုင်တို့ကြားမှ အကွာအဝေးကို CCTV ထဲတွင် ကောင်းကောင်းမြင်ရသည်ကို သေချာသိလိုက်သည်။ ထို့ကြောင့် ခေါင်းငုံ့ကာ ပြုံးတုံ့တုံ့နှင့် ပြန်မေး၏။
" ဒါနဲ့ ဘာလို့ ကင်မရာကြီး ကိုင်ထားတာလဲ"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now