Chapter 123 - ကံကောင်းစေသော ပုတီးလုံးလေး 2

3.1K 651 17
                                    

Unicode

ဟောပိုင်က နှစ်ဘဝလုံး လူပျိုဖြစ်ခဲ့သည်ဖြစ်ရာ အိပ်ရာပေါ် တွင် သူ သဘောကျသော လူတစ်ယောက်နှင့် အဝတ်မပါနဲ့ အတူရှိနေပါက အတွင်းစိတ်ဘယ်လိုပေါ်လာမလဲ သူ တွေးလို့မရ။ ပြီးတော့ ခုန ရှင်းရှောင်ဖုန်း ရှိတုန်းက သူ တိချိုးဟယ်အပေါ် စည်းနည်းနည်းကျော်ထားသည်မဟုတ်ပါလား။

ဒါပေမဲ့ စဥ်းစားကြည့်လိုက်တော့ တကယ်လို့သာ သူ့ကိုယ်သူ သေချာမသိပဲနဲ့ တိချိုးဟယ်ကို ဒီလိုပုံစံမျိုး သဘောကျတာ မဟုတ်ဘူးဆိုရင်ရော.. အဲ့ဒါဆိုရင်တော့ စမ်းသပ်စရာမလိုတော့ဘူးထင်သည်။ ဒါပေမဲ့ သူ့ခံစားချက်တွေက တစ်ခါမှတော့ မမှားဖူးခဲ့။ စောစောက သူ တွေးနေခဲ့သော အကြောင်းအရာတွေက နဂိုထဲက စိတ်ဒဏ်ရာရနေတဲ့ တိချိုးဟယ်ကို ထပ် ထိခိုက်စေမိမယ်ဆိုရင်ရော...

အစွန်းရောက်နေသည့်အတွေးနှစ်ခုကြားတွင် ဟောပိုင် အလဲလဲ အပြိုပြိုဖြစ်နေရှာသည်။

စိတ်ဒုံးဒုံးချလိုက်ပြီးနောက် နည်းနည်းပြင်ထိုင်လိုက်သည်။ တိချိုးဟယ်ကို အနှောင့်အယှက်မဖြစ်စေရန် တစ်ယောက်ထဲ အိပ်ဖို့သာ ဆုံးဖြတ်လိုက်၏။ ထိုသို့ ဆုံးဖြတ်ပြီးနောက် ပင်ပန်းနွမ်းနယ်နေရှာသော ဟောပိုင်မှာ အိပ်ပျော်သွားလေသည်။

ဟောပိုင်လက်လေးက ထိုင်ခုံဘေးသို့ အသံတစ်သံနှင့်အတူ ပြုတ်ကျသွားသည်။

ထိုအသံကြောင့် တိချိုးဟယ် လှည့်ကြည့်မိတော့ စိတ်ထဲ နူးညံ့သွားရသည်။ ဟောပိုင်လက်လေးကို ပြန်ကိုင်ကာ ပေါင်ပေါ်တင်ပေးရန်ကြိုးစားပေမဲ့ ထိုလက်ကို ကိုင်ကိုင်ချင်း လွှတ်ရန်မလွယ်မှန်းသိလိုက်ရသည်။ ဤသို့ဖြင့် လမ်းတစ်လျှောက်လုံး ဟောပိုင်လက်ကိုကိုင်ရင်းသာ ကားဆက်မောင်းလာခဲ့သည်။

ခွေးပေါက်လေးသာ နိုးလာရင်တော့ ကား ဘယ်လိုမောင်းနေတာလဲလို့ ဆူနေဦးမှာဟု တိချိုးဟယ် တွေးနေသည်။

ထိုအတွေးကြောင့် တိချိုးဟယ် နှုတ်ခမ်းလေးများကွေးကာ ပြုံးနေသည်။ သို့သော် ဟောပိုင်လက်က အတော်လေးပိန်နေသည်။ တိချိုးဟယ်က စိုးရိမ်စိတ်ဝင်လာသောကြောင့် မပြုံးနိုင်တော့ပဲ လက်ကိုဖွဖွလေးသာ ကိုင်ထားသည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now