Chapter 6- မှတ်စုစာရွက်

7.5K 1.3K 59
                                    

Unicode

ကျန်းရှိုးဝမ်က ယောကျ်ားချင်းပင် လည်ပြန်ငေးကြည့်ရအောင် ချောမောလွန်းသော ထိုမျက်နှာကို မနာလိုစိတ် တစ်ဝက်နှင့် ကြည့်သည်။ မိန်းကလေးများ အသေအလဲ လိုက်နေကြသည့် မျက်နှာမျိုးပေါ့။ ထို့နောက် လက်မခံနိုင်သည့်ဟန် မျိုးဖြင့် ခြေထောက်ကို သုံး၍ ကန်ပြီး အကြံပေးသလိုလိုနှင့် ပြောလိုက်၏။

"မချောချင်တာများကွာ... နေပူထဲ ထွက်နေလိုက်... ပြီးရင် အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေ မသုံးနဲ့တော့..  ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အုတ်သွားထမ်းလဲ ရတာပဲ... ဆံပင်အတွက်ကတော့ ကတုံးသာ တုံးပလိုက်... အဲ့ဒါတွေ လုပ်ပြီးရင်တော့ ဇာတ်ကောင်လို ကြမ်းတမ်း ခက်ထန်တဲ့ ဘဝမျိုးကို ကြုံလာရတဲ့သူလို့ ထင်မှာပါပဲ..ငယ်လဲ မငယ် ချောလဲ မချောတော့ဘူးလို့ ငါ ပြောရဲတယ်..."

ထိုအကြံကတော့ သုံး၍ပင် မဖြစ်နိုင်ပေ။ တိချိုးဟယ်က ကျန်းရှိုးဝမ်ကို မျက်လုံးလှန်၍ ကြည့်ကာ ကန်နေသော ခြေထောက်ကို ရှောင်လိုက်ရင်း သူ၏ ခြေတံရှည်များကို မြှောက်ကာ ဆိုဖာနှင့် လက်ဖက်ရည်စားပွဲကြား ထားလိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် ပျင်းတွဲတွဲ လှဲချလိုက်ရင်း ဖုန်းကို မြှောက်ကာ ဟိုပွတ်သည်ပွတ် ပွတ်၏။
" အဲ့ဒါတွေ လုပ်လို့ ဦးလေးကျန်းသာ လက်ခံမယ်ဆို ငါ လုပ်ပြီးတာ ကြာပြီ"

ဦးလေးကျန်း လိုချင်သည်က ရုပ်ရည်ထက် ခံစားချက်ဖြစ်၏။ ထို့အပြင် ဦးလေးက သူ့အား ထိုဇာတ်ကောင်နေရာတွင် မထားနိုင်ဟု ပြတ်ပြတ်သားသား ပြောခဲ့၏။ သို့သော် ဇာတ်ကောင်အတွက် သင့်တော်သော မင်းသား ရှာမတွေ့သေးပါက ထိုဇာတ်လမ်းကို မရိုက်သေးဟုလဲ ဆိုသည်။ ထိုသို့သော ခေါင်းမာမှုမျိုးသည် လူအများအတွက် ခေါင်းကိုက်စရာဆိုသော်လဲ အနုပညာသမားတစ်ဦး၏ မာနဖြစ်သည့်အတွက် ဦးလေးကို သူ လေးစားပါ၏။

ဇာတ်ကားကောင်းတစ်ကားတွင် ဒါရိုက်တာကောင်း လိုသည်၊ ဇာတ်ညွှန်းကောင်း လိုသည်၊ သရုပ်ဆောင်ကောင်းနှင့် အဖွဲ့ကောင်းကောင်း လိုအပ်၏။ ဇာတ်ညွှန်းကို စဖတ်ဖတ်ကြည့်ချင်းပင် တိချိုးဟယ် စိတ်တွင် အလွန်လေးစားသွားရ၏။ ထိုသို့သော ဇာတ်ညွှန်းကောင်းတစ်ခုအတွက် ဦးလေးကျန်းဟာ ဘယ်လိုပဲ ဖြစ်ဖြစ်လုပ်ကာ ဇာတ်လမ်းကို အကောင်းဆုံး အသက်သွင်းပေလိမ့်မည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now