Chapter 140 - အဆောင်သူခိုး 2

6.6K 711 19
                                    

Unicode

ထမင်းစားသောက်ပြီးမှ ဖုန်းပြန်ကိုင်တော့ ချာတိတ်လေး တိချိုးဟယ်က စာတွေအများကြီး ပို့ထားလေသည်။ ဘာလို့ အခုမှ ထမင်းစားရတာလဲ.. အလုပ်တွေရော အရမ်းများနေလား.. ဖန်အိမ်ရောက်ရင် ဘယ်အခန်းမှာ နေချင်လဲ .. အတူနေလို့ရမလား.. ညဝတ်အင်္ကျီ ဆင်တူလေး ဝတ်ကြမယ်လေ.. အိပ်ရာခင်း ဘာရောင်လေးကြိုက်လဲ.. စောင်ရော.. စသဖြင့် အဖွားအိုတစ်ယောက်လို ပွစိပွစိ ပြောထား၏။

ဟောပိုင်တစ်ယောက် တိချိုးဟယ်ကို အထင်ကြီးခဲ့သည်များ ပျောက်ကုန်သည်။ သူနဲ့စစတွေ့တုန်းက နူးနူးညံ့ညံ့ ဆက်ဆံသော်လဲ နံရံတစ်ခုခြားထားတတ်သည့် ရုပ်ရှင်ဧကရာဇ်ကြီး တိချိုးဟယ် ဘယ်ရောက်သွားလဲတော့မသိ။ အခု စကားတတွတ်တွတ်ပြောတတ်သည့် လေအိုးလေးကတော့ ရုပ်ရှင်ဧကရာဇ်ကြီး လုံးဝမဟုတ်ပေ။

သူ တွေးနေတုန်း စာတွေ ထပ်ရောက်လာသည်။ ချာတိတ်လေးက ရဲတင်းလွန်းလှသည်။ စောင်နှစ်ထည်ဆို လေးနေမလား... အရင်လို တစ်ထည်ပဲ ခြုံပြီး ဖက်အိပ်ရအောင်လေတဲ့...

မျက်နှာမြင်နေရသည်မဟုတ်တော့ ဟောပိုင်မျက်နှာလေး သိပ်မရဲတော့။ ချာတိတ်လေးက အနားတွင် ရှိနေသည်မဟုတ်တော့ စာပြန်ရိုက်နိုင်သွား၏။

White and Whiter : ခင်ဗျား သူ့အိမ်ထဲမှာ ကျွန်တော့်ကို မြှူဆွယ်ဖို့ ကြိုးစားနေတယ်ဆိုတာ အကြီးအကဲဖန်ရော သိရဲ့လား

White and Whiter : ဒါနဲ့ ခင်ဗျားရဲ့ အစီအစဥ်တွေကို ဘေးချိတ်ထားပါဦး .. ကျွန်တော်တို့နှစ်ယောက်က ယောကျ်ားလေးကို သဘောကျတယ်လို့ ဝန်ခံထားတဲ့ သူငယ်ချင်းတွေပဲလေ...

တစ်ဖက်က ဘာစာမှပင် ပြန်မလာတော့။

ဟောပိုင်က လှောင်ပြုံးတစ်ချက်ပြုံး၍ စားထားသည့် ထမင်းဗူးကို သိမ်းလိုက်သည်။ ချာတိတ်လေးက သေချာတောင် မတွဲရသေးပဲနဲ့ ဘာလုပ်ချင်နေတာလဲ.. အိပ်မက်ကနေ နိုးလိုက်တော့...

တိချိုးဟယ်က ဟောပိုင်ပို့လိုက်သည့် စာနှစ်ကြောင်းကို သေချာကြည့်ရင်းက ခြေထောက်မခိုင်တော့ပဲ မြေကြီးပေါ် ထိုင်ချလိုက်ရသည်။

A Bird Born in Autumn : ကိုယ် နားလည်ပါပြီ

ဟောပိုင်က သောက်နေသည့် ရေပင် သီးသွား၏။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now